4

721 83 6
                                    

ဒီနေ့တော့ ဆိုင်ကိုလျှောက်လာရတဲ့ခြေလှမ်းတွေက အရင်ကနဲ့မတူ ပေါ့ပါးလျက်....။

အဖြူလေးနဲ့ နှစ်ယောက်ထဲ တူတူလျှောက်လည်ရမှာလေ date ပုံစံလေးလေ မပျော်ပဲနေမလား......

ဆောင်းဟွန်းရဲ့ ခံစားချက်တွေလဲ သေချာသွားပါပြီ....။
သူ အဖြူလေးကို ချစ်တယ်။ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ရပါသည်......။ခံစားချက်တွေက သေချာနေပြီမလို့ အချိန်မဆွဲတော့ဘဲ ဖွင့်ပြောလိုက်ဖို့လဲ စီစဥ်ပြီးသား......။
အဖြူလေးဘက်ကနေ ပြန်ပေးလာမဲ့ ဘယ်လိုတုန့်ပြန်ချက်မျိုးမဆို သူလက်ခံပေးဖို့ အဆင်သင့်.........။

ချိန်းတာတာက ကိုးနာရီမှဆိုပေမယ့် လူက ညကတည်းက အိပ်မရတာကြောင့် ငါးနာရီလောက် ကတည်းက ထပြီးပြင်ဆင်နေခဲ့တာ....။တစ်ယောက်ထဲ ရင်တွေခုန်ပြီး ဆူညံ့နေတာမလို့ ဂျယ်ယွန်းတောင် နှိုးလာသေးတယ်....။ပြန်အိပ်ဆိုတော့လဲ မအိပ်ပါဘူးတဲ့ သူက ကိုယ့်ထက်တောင် ပိုပြီးတက်ကြွနေသေးတာ.....။သူငယ်ချင်းလေးအတွက်ဆိုပြီး သူကိုယ်တိုင် အဝတ်အစားတွေတောင် ပြင်ဆင်ပေးခဲ့တာ... အဲ့လိုကျတော့လဲ ဂျယ်ယွန်းက အားကိုးရသား.........။

အစောကြီးကတည်းက ပြင်ဆင်ပြီး ထွက်လာတာမလို့ ဆိုင်ကိုရောက်တော့ ရှစ်နာရီခွဲပဲရှိသေးတယ်...။အဖြူလေးလဲ မရောက်သေးတာမလို့ ဆိုင်ရှေ့က ထိုင်နေကျခုံလေးမှာသာ ထိုင်ပြီးစောင့်နေလိုက်သည်.....။

ဂျယ်ယွန်းကိုလဲ အားနာတာမလို့ ဆိုင်ကိုတော့ အချိန်ပိုင်းအလုပ်သမားလေးငှားထားရသည်....။

ခဏနေတော့ ကျွန်တော့်ဆီကို တရွေ့ရွေ့နဲ့ လာနေတဲ့ အဖြူရောင်ပုံရိပ်လေးတစ်ခု.........။
ကျွန်တော်ရဲ့ အဖြူရောင်လေး........
လှလိုက်တာ အပြာရောင်နဲ့အဖြူကွက်လေးတွေပါတဲ့ အကျီလေးရယ် ဂျင်း pant လေးရယ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ တောက်ပနေလိုက်တာ........

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Lily of the Valley [SUNSUN]Where stories live. Discover now