8

609 74 9
                                    


နေ့သစ်တစ်ခုကို ပြန်လည်ရောက်ရှိလာပြီ။ နေရောင်ခြည်နွေးနွေးလေးက ဆောနူရဲ့ မျက်နှာပေါ်ကျရောက်လာတာမလို့ ဆောနူ မျက်မှောင်လေးကျုံကာ လက်လေးနဲ့ကာထားလိုက်သည်.....။

ထိုစဥ် ဆောနူရဲ့ တံခါးလေးကို ဖွင့်ကာဝင်လာတဲ့ လူတစ်ယောက်......။

"အဖြူလေးရေ ထတော့လေ မိုးလင်းနေပြီ "

မျက်လုံးက မဖွင့်သေးပဲ တအင်အင်နဲ့ အသံပြုနေလေသည်...။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလဲ။

ဆောင်းဟွန်းလဲ နှုတ်ခမ်းလေးတွေ တွန့်ရုံပြုံးလိုက်ပြီး.....အိပ်ရာပေါ်မှာ အဖြူရောင်သေးသေးလေးကို စောင်ထဲထုတ်လိုက်ကာ အပေါ်မှ တင်းကျပ်အောင် ဖက်ထားလိုက်သည်....။

"အားးး ဟျောင်းခန္ဓာကိုယ်ကြီးနဲ့ လေးတယ် ဖယ် ဆင်း....ဆင်း..."
"အဲ့တာဆို ထမှာလား..."
"ထမယ် ထမယ် ဆင်းဗျာ...."

ဆောင်းဟွန်းလဲ စောင်လေးကို ပြန်ဖယ်ပေးလိုက်ပြီး ကုတင်ပေါ်မှာ ပြန်ထိုင်နေလိုက်သည်.....။
အဖြူရောင်ဆံနွယ်ပွပွလေးတွေနဲ့ အဖြူလုံးလေးက စောင်ပုံထဲမှ ထွက်လာကာ ဆူပုတ်ပုတ်ဖြင့် ဆောင်းဟွန်းကိုကြည့်နေသည်.....။

"ချစ်ဖို့ကောင်းလိုက်တာကွာ...."

ဆောင်းဟွန်းပြောရင်းနဲ့ ခန္ဓာကိုယ်သေးသေးလေးကို သိမ်းကျုံး ဖက်လိုက်ကာ အဖြူလေးရဲ့ မျက်နှာအနှံ့ကို အနမ်းမိုးတွေ ရွာသွန်းစေသည်...။

ဆောနူရဲ့ ရယ်သံလေးတွေကလဲ တလွင့်လွင့်......။

"ဟျောင်းဗျာ...ညစ်ပစ်လိုက်တာ ဆောနူ မျက်မှာမသစ်ရသေးဘူလေ..."
"အဲ့တော့ဘာဖြစ်လဲ ပေတူးလေးက ချစ်ဖို့ကောင်းနေတာကို....."
"တကယ်ပါပဲ.."

ဆောနူလဲ မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ဆောင်းဟွန်းကို တစ်ချက်ကြည့်ကာ ကုတင်ပေါ်မှာ ဆင်းသွားလေသည်...။

"မျက်နှာသွားသစ်မယ်..."
"အင် မြန်မြန်လုပ် ဒီနေ့  အဖြူလေးကို ခေါ်သွားစရာနေရာ တစ်ခုရှိတယ်....."
"ဘယ်ကိုလဲ..."
"ကယ်....သိချင်ရင် မြန်မြန်လုပ်လေ ပြီးရင်သွားရအောင်..."
"ဟုတ်ကဲ့ပါ...."

လုံးလုံး လုံးလုံးနဲ့ ဆပ်ပြာခြင်းလေးယူကာ ရေကန်ဘက်ကို ပြေးသွားတဲ့ အဖြူလေး....
ကုတင်ပေါ်မှာ ​ကျန်ခဲ့တဲ့ လူတစ်ယောက်ကတော့ ပြုံးပြုံးကြီး.........

Lily of the Valley [SUNSUN]Where stories live. Discover now