7

627 77 3
                                    

"ဟျောင်းလဲ ဆောနူကိုချစ်တယ် "
"ဟျောင်း လက်ထက်ဖို့ကကော......"

စိုးရိမ်စိတ်လေးတွေနဲ့ မေးလာတဲ့ကလေးငယ်... ငိုထားတာမလို့ မျက်ဝန်းအိမ်က မျက်ရည်လေးတွေမခြောက်သေး.....

"ဟျောင်း ကြည့်ပြီး ဖြေရှင်းလိုက်ပါမယ်...."
"တောင်းပန်ပါတယ်ဟျောင်း...ဆောနူကြောင့်..."

ခေါင်းလေးတွေက ငုံကာပြောနေတဲ့ အဖြူလေး.....

ဆောင်းဟွန်းလဲ ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲ ထည့်လိုက်ရင်း....

"ဘာလို့အဲ့လိုတွေ တွေးနေရတာလဲ အဖြူလေးရယ်......မင်းလေးကြောင့် မဟုတ်ဘူးလေ.."
"ဟင်.....ဟျောင်း ဆောနူကို ဘယ်လိုခေါ်လိုက်တာလဲ...."

ရင်ခွင်ထဲကနေ မော့ကြည့်လာတဲ့ အဖြူလေး....

"အဖြူလေးလို့ခေါ်လိုက်တာလေ....."

သူ့ကိုမော့ကြည့်နေတဲ့ အဖြူလေးရဲ့ နဖူးလေးကို တစ်ချက်နမ်းကာ ဖြေလိုက်သည်.....။

"ဘာလို့လဲ...."

"အဲ့တာက ဆောနူလေးအတွက်သီးသန့် ပေးထားတဲ့ နာမ်စားလေး.....ဆောနူက Lily of the valley ပန်းလေးတွေလိုပဲ ဖြူဖြူစင်စင်လေးကို.... ဆောနူကို စတွေ့တဲ့ အချိန်ကတည်းက ေဟျာင်း မင်းကို ပေးထားတဲ့ နာမ်စားလေး....."

ဆောနူလေးက ပြုံးလိုက်ပြီး......

"စကား အရမ်းတတ်တာပဲ ဟျောင်းက...."

ပြောရင်းနဲ့ ဟျောင်းရဲ့ ရင်ခွင်ထဲကို ပြန်ဝင်ကာ ဖက်ထားမိလိုက်သည်.....။
ဆောင်းဟွန်းရဲ့ ရင်ခွင်ထဲက ကွက်တိဖြစ်နေတဲ့ အဖြူလေး......သူ့အတွက် တိုင်းပြီးထုတ်ထားသလိုပဲ.....။

နှစ်ယောက်လုံးအတွက် ခံစားသင့်သလောက်လဲ ခံစားပြီးခဲ့ပြီ...နာကျင်ခဲ့ရပြီးပြီ....ပျော်ရွှင်ရဖို့ ထိုက်တန်ပါတယ်....။

သို့ပေသိ...ကံကြမ္မာဆိုတာက ကြိုမြင်နိုင်သည့်အရာတော့မဟုတ်ခဲ့...။

~~~~~~~~~~~~~~~~~~~~~~

"မြေးလေးတို့ ညစာစားကြမယ် ဝင်ခဲ့တော့လေ...."

အဖိုးက အိမ်ထဲကနေ ထမင်းစားဖို့ခေါ်နေပြီမလို့ ပန်းခင်းထဲက ဖက်ထားကြတဲ့ ကောင်လေးနှစ်ယောက်လဲ အမြန်လူချင်းခွဲလိုက်ပြီး ဆောင်းဟွန်းကဘဲ......

Lily of the Valley [SUNSUN]Where stories live. Discover now