11(final)

952 76 10
                                    


"ကိုကို ထတော့လေ မိုးလင်းနေပြီကို...."

တစ်ခါမှ စောစောမထဖူးတဲ့ အဖြူလေးက ကိုကိုထက် စောပြီးနှိုးနေလေရဲ့......

ဆောင်းဟွန်းလည်း အပျင်းကြောဆန့်လိုက်ကာ...

"အဖြူလေးက ဘာလို့အစောကြီးနိုးနေတာလဲ.....ပြန်အိပ်...."
"ကိုကိုကလည်း ပြန်အိပ်လို့ မရလို့ပေါ့ ရင်တွေခုန်လွန်းလို့ ဒီနေ့က မဂ်လာပွဲနေ့လေ..... "
"ပွဲက ညနေမှလေ အဖြူလေးကလည်းကွာ...."
"အား......မရဘူး ထတော့ အခုထတော့...."

စောင်တွေကို တွန်းဖယ်ကာ ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်ကြီးကို အတင်းဆွဲထောင်နေသော အဖြူလေး.....
ဆောင်းဟွန်းကတော့ မျက်လုံးကြီးမှိတ်ထားလျက်.....

"ကိုကို ထပါဆို...."

ဆောနူပြောရင်းနဲ့ ဆောင်းဟွန်းရဲ့ ရင်ဘတ်ကို အားနဲ့ ထုချပစ်သည်။

"အား...သေပါပြီ အဖြူလေးရယ် ထမယ်ဗျာ ထမယ်...."

ထိုအခါမှ ပြုံးရွှင်ကာ ကုတင်ပေါ်မှာ ထပြီး စောင့်နေလေသည်။
ဆောင်းဟွန်းကတော့ သူ့အဖြူလေးကိုမနိုင်တာကြောင့် အိပ်နေရာမှထပြီး ကုတင်ပေါ်ထိုင်နေလိုက်သည်။
သိတယ်မဟုတ်လား အိပ်ရေးမဝတဲ့ ပုတ်သိုးသိုးရုပ်လေးကို.....

"ကိုကိုကွာ...မျက်နှာကြီးက တက်တက်ကြွကြွလဲ မရှိဘူး ဆောနူနဲ့ လက်မထပ်ချင်ဘူးလား..."
"အဖြူလေးကလည်း ကိုကိုက ဘယ်လောက်ချစ်လဲ မသိလို့လား လက်ထက်ချင်တာမှ ရူးခါနေပဲ..."
"အဲ့တာဆိုထလေ...မျက်နှာသွားသစ်တော့..."
"အင်......"

"ကိုကိုပြီးရင် ထမင်းစားခန်းကိုလာခဲ့နော် ဆောနူသွားနှင့်မယ်....."
"အင်....လာခဲ့မယ်"

ဆောင်းဟွန်းလည်းပြောရင်း ရေကန်ဘက်ကို မျက်လုံးကြီးမှိတ်ကာ ဆင်းသွား​ေလသည်။
~~~~~~~~~~~~~~~~~~~~

"ကိုကိုရောက်ပြီလား...လာ.....ထိုင်"

ဆောင်းဟွန်းလည်း ထမင်းဝိုင်းလေးကို ဝင်ထိုင်လိုက်သည်။

"ဖိုးဖိုးတို့နဲ့ ဖေဖေမေမေတို့က ဘုရားကျောင်းကို သွားနှင့်ပြီ..."

"သွားကုန်ကြပြီလား စောသေးတာကို..."
"ကိုကိုပဲ စောနေတာ.....အကုန် ပြင်ဆင်နေကြပြီ...တကယ်ပါပဲ မသိရင် ဆောနူပဲတစ်ယောက်ထဲ မဂ်လာဆောင်မဲ့သူကြီးကျလို့ "

Lily of the Valley [SUNSUN]Where stories live. Discover now