5

622 84 9
                                    

နေပါဦး ဒါကဘာအဓိပ္ပါယ်လဲ ဟျောင်းက ငါ့ကို ကြိုက်နေခဲ့တာလား........ကြိုက်နေခဲ့တယ်ပဲထားဦး 'အတူရှိနေခဲ့တဲ့ အမှတ်တရလေးတွေကို သတိရနေပေးပါ' ဆိုတာကြီးကကော မသိရင် တစ်သက်လုံးမတွေ့ရတော့မဲ့ပုံနဲ့.........။

ရုတ်တရက်ကြီး မနှုတ်ဆက်ပဲ ထွက်သွားတာတော့ မဟုတ်လောက်ပါဘူးနော်......

ဆောနူရဲ့ အတွေ့တွေရှုပ်ရှပ်ခပ်ကုန်ပြီ.....ဟျောင်းက ဘာကိုဆိုလိုတာလဲ သူ့ကိုချစ်ပါတယ်ဆိုတာကို ဒီပန်းလေးနဲ့ပဲပြောပြခဲ့တာလား......ဆိုင်မှာလဲ မရှိဘူး.......

ဆောနူလန့်သွားတာအမှန်...ဟျောင်း မနေ့ကဖုန်းကို ကိုင်ပြီးကတည်းက မျက်နှာမကောင်းနေတာ... အပြီးထွက်သွားတာတော့ မဟုတ်ဘူးမလား.......။

ချစ်ပါတယ်ဆိုတာကို ပြောပြပေးခဲ့ပြီးမှ ထားသွားလို့လဲ ရမလား...ဟျောင်းရဲ့ဆိုင်ကို အမြန်ပြန်သွားရမည်.။

အခန်းထဲမှ အမြန်ထွက်ကာ လှေကားထစ်တွေကို ကျော်စေပြီး အမြန်ပြေးဆင်းလာသည်.....။

"သား အခုမှ ပြန်လာတာ မဟုတ်လား ဘယ်ပြန်သွားမလို့လဲ"
"ခဏပဲအမေ အရေးကြီးလို့"

မေမေ့ကိုလဲ သေချာပြန်မဖြေနိုင်တော့.....ဟျောင်း ကိုကျွန်တော်တကယ်ခင်ခဲ့တာလေ ဒီပန်းစည်းလေးတစ်ခုထဲနဲ့ အဆုံးသတ်သွားလို့ ရတဲ့ ဆက်ဆံရေးမျိုးမှမဟုတ်ခဲ့တာ...တကယ်ခင်တွယ်ခဲ့ရတာပါ....။

လမ်းမကြီးပေါ်မှာ တစ်ယောက်ထဲပြေးလွှားနေတဲ့ ကောင်လေးတစ်ယောက်.....။

"ဟျောင်း........"

ဟျောင်းရဲ့ဆိုင်ကိုရောက်တော့ တံခါးကို အမြန်တွန်းဖွင့်ကာ အော်ခေါ်လိုက်မိသည်....။

"ဘာအလိုရှိလို့ပါလဲ "
"ဟျောင်းကော.... ဟျောင်း မရှိဘူးလား ဆောင်းဟွန်းဟျောင်းလေ.."
"အော်.....မင်းက ဆောင်းဟွန်းပြောတဲ့ အဖြူလေးလား ဆောင်းဟွန်းက သူ့အဖိုးပြန်ခေါ်လို့ မွေးရပ်မြေကို ပြန်သွားပြီလေ မင်းမသိဘူးလား"
"ဗျာ.....ဘယ်အချိန်ပြန်လာမှာလဲ"
"အဲ့တာတော့မသိဘူးပဲ.....ဆိုင်ကိုတောင်ရောင်းခဲ့ခိုင်းတာဆိုတော့ အပြီးပြန်တာထင်တယ် အဲ့တာကြောင့် ဟျောင်းတောင် မပြန်ရသေးတယ်"

Lily of the Valley [SUNSUN]Where stories live. Discover now