Chapter 8 - Unicode

9.1K 808 9
                                    

တစ်ဖက်လှည့်အိပ်နေတဲ့ ဘုန်းပြည့်အာဏာရဲ့ ကျောပြင်ကို စိုင်းမာန်သစ် ငေးနေမိသည်။ စောင်ကို ဆွဲခြုံရင်း အဲဒီကျောပြင်ကို ထိကြည့်ချင်စိတ်က တဖွားဖွား။ လက်သွယ်သွယ်ကို ရှေ့ထုတ်လိုက် ပြန်ရုတ်လိုက်နဲ့ ဘယ်နှခါတောင်ရှိနေခဲ့ပြီပင်မသိ။

"မင်း မအိပ်သေးဘူးလား?"

လှမ်းနေတဲ့ လက်တစ်ဖက်က လေထဲမှာတင်တန့်သွားသည်။ ဘုန်းပြည့်အာဏာအိပ်နေပြီထင်ခဲ့တာသူမှားသွားသည်ပင်။

"ဟို အင်း အိပ်မပျော်သေးလို့"

"ငါကတော့ အိပ်ချင်နေပြီမို့ ငြိမ်ငြိမ်နေ"

"ဟင် ကျွန်တော်ဘာလုပ်လို့လဲ"

"မသိဘူးကွာ မင်းကို ကျောပေးထားရတာနောက်ကျောမလုံဘူး"

ရုတ်တရတ် သူ့ဘက်ကို လှည့်အိပ်လာတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ် မျက်လုံးတွေပင်ပြူးသွားရသည်။ မှေးစင်းနေတဲ့ မျက်လုံးပေါ်က မျက်ခုံးတွေက အရင်လို တွန့်ချိုးမနေဘဲ ပြေလျော့နေတာကြောင့် ပိုပြီးပင်ကြည့်ကောင်းနေသည်။

ငေးပြီးရင်း ငေးပြီးရင်း။

'ငေးပြီးရင်းသာ ငေးနေချင်တော့တာပဲ ခင်ဗျားရယ်။'

ထိုစဥ် ဖွင့်ဟလာတဲ့ မျက်လုံးတစ်ဖက်ကြောင့် စိုင်းမာန်သစ် နေစရာပျောက်သွားရပြန်သည်။ မျက်လုံးတစ်ဖက်ကိုသာ လှန်ကြည့်ပြီး ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ကို ကြည့်နေသည်။

"မင်း မအိပ်ဘဲ ငါ့မျက်နှာကို ပေါက်ထွက်အောင်ကြည့်နေတော့မှာလား?"

"ဟို"

"မအိပ်ဘူးဆို အလုပ်သွားဆက်လုပ်နေ သွား"

"ဥက္ကဌက မီးဖွင့်ပြီးပဲအိပ်တတ်တာလား?"

"ဟင့်အင် ပုံမှန်ဆို မီးပိတ်အိပ်တယ် မင်း မီးပိတ်ပြီး အိပ်တတ်လားမသိလို့"

စိုင်းမာန်သစ်ရင်ဘတ်ထဲမှာ လိပ်ပြာတွေပျံနေပြီ ဖလပ်လပ်န‌ှင့်။ အခု ဘုန်းပြည့်အာဏာက သူ့အတွက်ကို တွေးပေးလိုက်သည်ဆိုတာက သူ့ရင်ကိုလှုပ်ခါသွားစေသည်။

"အာ ကျွန်တော်ကလည်း မီးပိတ်ထားမှ အိပ်တတ်တာ"

"ဒါဆိုလည်း ငါထပိတ်လိုက်တော့မယ်"

LOLLIPOPWhere stories live. Discover now