Extra 2 - Unicode

7.9K 566 1
                                    

"မောင်ဘုန်းပြည့် ရောက်လာပြီလား?"

Green Vibe Company ရဲ့ ဥက္ကဌဖြစ်သူ ဦးဟိန်းဇော်က စားသောက်ဆိုင်ရဲ့ VIP Room ထဲမှာထိုင်စောင့်နေခဲ့ဟန်ရှိသည်။ သူ့ဘေးမှာတော့ အသက်နှစ်ဆယ်ကျော်အရွယ်ကောင်မလေးတစ်ယောက်ထိုင်နေလေသည်။ စိုင်းမာန်သစ်က အရင်အခန်းထဲကို ၀င်လာတာတောင်မှ ထိုလူက ဘုန်းပြည့်အာဏာကို လှမ်းနှုတ်ဆက်သည်။

စိုင်းမာန်သစ်က ကောင်မလေးရဲ့ ရှေ့ထိုင်ခုံမှာ အကျအန၀င်ထိုင်လိုက်ပြီး ဘုန်းပြည့်အာဏာကတော့ ဦးဟိန်းဇော်ရဲ့ ရှေ့မှာ၀င်ထိုင်သည်။ သူတို့နှစ်ယောက်က ပုံမှန် ကုမ္ပဏီမှာ၀တ်စားလာတဲ့အတိုင်း ၀တ်စားလာတာတောင်မှ အရှိန်အ၀ါက တောက်ပနေတာဖြစ်သည်။

"ဒီနေ့တော့ ပေါ့ပေါ့ပါးပါးထမင်းပဲစားကြတာပေါ့ နော"

ဟာသနှောကာပြောလာသည့် ဦးဟိန်းဇော်ကြောင့် မျက်ခုံးတွေတွန့်ချိုးသွားရသည်က စိုင်းမာန်သစ်။ အလုပ်ကိစ္စပြောမှာလားလို့ သူ့မှာ နှစ်ယောက်ထဲရှိနေရမည့် အခွင့်အရေးကို လက်လွှတ်ပြီး ဒီကိုလာရတာ။ သူက ပေါ့ပေါ့ပါးပါးထမင်းစားမယ်တဲ့။

"ဒါက အန်ကယ့်သမီး ခြူးသဒ္ဒါတဲ့"

ဦးဟိန်းဇော်ရဲ့ မိတ်ဆက်ပေးမှု့အောက်မှာ ထိုမိန်းကလေးက ဘုန်းပြည့်အာဏာဆီကို လက်ထုတ်ကာ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်သည်။ ဘုန်းပြည့်အာဏာလည်း လက်ကို အသာထိရင် ပြန်ဆွဲလိုက်ပြီး စိုင်းမာန်သစ်ဘက်ကို လှည့်ကြည့်လိုက်တော့ ခုဏက လက်ဆွဲရုံလောက်ပါဘဲ ဘာမှမဖြစ်လောက်ပါဘူးဆိုသော အတွေးသည် အတိအကျမှားသွားကြောင်းတွေ့လိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် စိုင်းမာန်သစ်က ကောင်မလေးလက်ကို အဆုံးထိလိုက်ကြည့်နေသောကြောင့်ပင်။ ထို့နောက် သူ့ဘက်ကိုပင်လှည့်ကြည့်မလာတော့ဘဲ စားပွဲကိုဘဲ ငုံ့ကြည့်နေလေသည်။ ဒါဟာ သူ့ကောင်ကလေး စိတ်ဆိုးသွားကြောင်း ဖော်ပြခြင်း။

စိုင်းမာန်သစ် စိတ်ဆိုးရင် ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း ဘုန်းပြည့်အာဏာသာလျှင်သိသည်။

"ဒါက ကျွန်တော့်"

"မောင်ဘုန်းပြည့်ရဲ့ အချိန်ပြည့်အတွင်းရေးမှူးမို့လား?"

LOLLIPOPWhere stories live. Discover now