Chapter 4 - Unicode

10.6K 915 14
                                    

"ဟင့်အင် ကိုကို ကိုကို အားး ကိုကို့ကို ပြန်ခေါ်ပေး"

ရှိုက်ကြီးတငင်ငိုနေတဲ့ စိုင်းမာန်သစ်အငယ်လေးကို ဦးစိုင်းတမာန်က အတင်းခါးကနေဖက်ထားကာ မငိုဖို့ပြောကာချော့နေသည်။

"သား ကိုကိုက ပြန်မလာတော့ဘူး တော်တော့နော် မငိုတော့နဲ့"

"အီးဟီး ဟုတ်ဘူး ကိုကိုက အသစ်တွက် လာလာပေါ့(Lollipop) သွား၀ယ်တာ ပါး လွှတ် ကိုကိုဆီသွား"

စိုင်းမာန်သစ်အငယ်လေးက အတင်းရုန်းထွက်ကာ ခြံ၀န်းထဲကနေတစ်ဆင့် တစ်ဖက်အိမ်ကို ခြေလျင်ပြေးသွားလေသည်။ စိုင်းမာန်သစ် ချော်လဲသည်။ သို့သော် ပြန်ထကာ တံခါးပိတ်ထားတဲ့ ခြံ၀န်းထဲကို ထပ်တလဲလဲပြေး၀င်သည်။

"ကိုကို အား! ကိုကို အား!"

ချွေးသံရဲရဲနဲ့ စိုင်းမာန်သစ် အိပ်ယာကနိုးလာရသည်။ စိုရွဲနေအောင်ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း မောဟိုက်နေသည့် ရင်အစုံကိုဖိထားမိသည်။ ဘာလို့ ဒီအိပ်မက်တွေကို ပြန်မက်နေရတာလဲ။

စိုင်းမာန်သစ် ဖန်ခွက်ထဲမှာ အသင့်ရှိတဲ့ရေကို သောက်လိုက်ကာ ချွေးတွေကို လက်နဲ့သုတ်လိုက်သည်။ ဒီ ငယ်ဘ၀အိပ်မက်တွေက ရံဖန်ရံခါ စိုင်းမာန်သစ်ကို ခြောက်လှန့်တတ်သေးသည်။ သက်ပြင်းတစ်ဖန်ချလိုက်ရင်း တစ်ဖက်အိမ်ကို မြင်ရတဲ့ ပြတင်းပေါက်လိုက်ကာကို ဆွဲဖွင့်လိုက်ကာ စိုင်းမာန်သစ်ငေးနေမိသည်။

"ကိုကို"

တိုးဖျစွာခေါ်လိုက်တဲ့ အသံသည် သက်ဆိုင်သူထံရောက်လိမ့်လေမလား။

__________________________________________________________

"ဘယ်က ပြန်လာတာလဲ ငယ်လေး"

ဘုန်းပြည့်အာဏာ အိမ်ထဲကို ၀င်လာတဲ့ ညီမဖြစ်သူကို ဆိုဖာပေါ်ကနေ ဟန်မပျက်လှမ်းမေးလိုက်သည်။

"သူငယ်ချင်းတွေနဲ့တွေ့လာတာ ကိုကို"

"ဘာလို့ ပြောမသွားတာလဲ"

"ကိုကိုကလည်း ငယ်လေးအသက် နှစ်ဆယ်ငါးနှစ်တောင်‌ေကျာ်နေပြီ အကုန်လုံးကို အစီရင်ခံနေရဦးမှာလား?"

"လေသံက ဘယ်လိုဖြစ်နေတာလဲ ကိုကိုက စိတ်ပူလို့ပြောနေတာလေ"

"တော်ပါတော့ အဲ့ဒီစိတ်ပူတယ် စိတ်ပူတယ် စိတ်ပူတယ် ကိုကိုက စိတ်ပူတယ်ဆိုပြီး ငယ်လေးကို ပိတ်လှောင်ထားရတာကို ပျော်နေတာမို့လား?"

LOLLIPOPWhere stories live. Discover now