Final - Unicode

12K 719 10
                                    

*And when the lights start flashing like a photo booth
And the stars exploding
We'll be fireproofMy youth
My youth is yours
Tripping on skies, sipping waterfalls
My youth

ခုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ စိုင်းမာန်သစ်ရဲ့ ဖုန်းကမြည်လာတာကြောင့် စိုင်းမာန်သစ်မျက်လုံးတွေပွင့်လာရသည်။ ထို့နောက် ဘုန်းပြည့်အာဏာကို မော့ကြည့်ကာ ဖုန်းယူပေးဖို့ပြောရသည်။

"ကိုကို ဖုန်းယူပေးဦး"

ဘုန်းပြည့်အာဏာ သူ့ပေါင်ပေါ်မှာရှိနေတဲ့ စိုင်းမာန်သစ်ခေါင်းကို ထိန်းရင်း စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ စိုင်းမာန်သစ်လက်ထဲကို ထည့်ပေးသည်။ ထို့နောက် ခေါင်းလုံးလုံးကို တစ်ချက်ဖွကာ ငုံ့နမ်းလိုက်သေးသည်။

စိုင်းမာန်သစ် သူ့လက်ထဲမှာရှိတဲ့ ဘုန်းပြည့်အာဏာပေးထားသော Lollipop စားလက်စကို လက်မြှောက်ပေးတော့ ဘုန်းပြည့်အာဏာက လက်နဲ့မယူဘဲ ပါးစပ်ထဲတန်းထည့်ကာယူလိုက်သည်။ စိုင်းမာန်သစ်က အံ့သြနေဟန်နှင့် မော့ကြည့်တော့ သူက ပြုံးပြကာ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေသည်။

"ဟယ်လို ကြီးကြီး"

"သားလေး တမာန်က အပြင်ကနေဘာဖြစ်လာတာလဲ သိလား?"

"ဗျာ ပါပါးက ဘာလို့လဲ?"

"နေ့လည် မင်္ဂလာပွဲက ပြန်လာကတည်းက သူ့အခန်းထဲကထွက်မလာဘူး ကားပေါ်ကဆင်းတုန်းကလည်း ငိုထားတယ်ထင်တယ် အခု ညနေစာစားဖို့သွားခေါ်တာလည်း ထွက်မလာဘူး သား"

"ဟင်"

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာပေါင်ပေါ်အိပ်နေရာကနေထလိုက်ပြီး တွေးဆဆဖြစ်သွားရသည်။ အခြေအနေအရဆို သူ့ဖခင်ငိုရသည့်အကြောင်းအရင်းက ဘုန်းပြည့်အာဏာ ဦးလေးနှင့်သက်ဆိုင်နေမည်မှာ သေချာသည်။

သန်မာချင်ယောင်ဆောင်နေတတ်သော်လည်း ထိုလူနှင့်ပတ်သက်လျှင် သူ့ဖခင်က ခံစားချက်တွေအမြဲတမ်းအသစ်ပြန်ဖြစ်မည်ဆိုတာကို မနေ့က စိုင်းမာန်သစ်ကို အကြောင်းစုံပြောပြသည့်အချိန်မှာပင် နားလည်လိုက်ပြီးသားဖြစ်သည်။

"သား လာခဲ့မယ် ကြီးကြီး"

"အေးကွယ် ကြီးကြီးလည်း စိတ်ပူလို့ သားကို ဖုန်းဆက်လိုက်တာ"

LOLLIPOPWhere stories live. Discover now