Chapter 31- Unicode

9.2K 713 13
                                    

"စိုင်းမာန်"

သူတို့ရှိရာ စားပွဲဆီလျှောက်လာသော ဦးစိုင်းတမာန်ကို တွေ့လိုက်ရတာကြောင့် ဘုန်းပြည့်အာဏာရဲ့ စိုင်းမာန်သစ် ပုခုံးပေါ်တင်ထားတဲ့ လက်တွေက ပိုတင်းလာသည်။

"အန်ကယ်"

"သြော် ဘုန်းပြည့်လည်းရှိနေတာပဲ"

"ပါပါး ဟီး"

သူ့ကို သွားဖြဲပြီး နှုတ်ဆက်နေသော သားဖြစ်သူကြောင့် ဦးစိုင်းတမာန် သွေးတက်ချင်လာရသည်။ သူ့သားက သူထင်ထားတာထက်ကို သူ့ကိုကိုကို ရူးနေတာမှန်း ဦးစိုင်းတမာန် အခုမှ ပိုပိုသဘောပေါက်လာရသည်။

"အင်း သွားခိုင်းလိုက်တာ ပြန်ကိုပေါ်မလာတော့ဘူးနော်"

"ပါပါးကလည်း"

"စိုင်းမာန်သစ်တို့ လုပ်တာ သွေးတောင်တက်ချင်လာပြီ"

"မာန်"

တွေ့ရမည်မှန်း သိနေခဲ့သော်လည်း၊ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ခေါ်သံအောက်မှာ လူက တုန်ယင်သွားရပြန်သည်။ အချိန်တွေဘယ်လောက်ကြာကြာ ထိုလူကတော့ သူ့ကို တုန်လှုပ်စေဖို့ အကြောင်းအရင်းဖြစ်နေတုန်းပင်။

အကြိမ်ကြိမ်အခါခါ ပုန်းလျှိုးနေမိလည်း၊ အကြိမ်ကြိမ်အခါခါ ငြင်းဆန်နေမိလည်း သူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေအကြောင်းကို သူတို့နှစ်ယောက်ကလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။

"အင်း"

စိုင်းမာန်သစ်က အကြောင်းကိုသိနေတာကြောင့် ဘုန်းပြည့်အာဏာကို ဆွဲကာ ထိုအနားကထွက်သွားလိုက်သည်။

"ဘယ်လဲ အသစ်ရဲ့ အန်ကယ့်ကို အကျိုးအကြောင်းပြောမလို့ နေပါဦး"

"ပါပါးက အကျိုးအကြောင်း ကိုကို့ထက်ကိုပိုသိတယ် လာပါ ငြိမ်ငြိမ်လေးလိုက်လာရင် အာဘွားပေးမယ်"

သူ့ကိုဆွဲသွားကာပြောနေသူကြောင့် ဘုန်းပြည့်အာဏာနှုတ်ခမ်းတွေကော့တက်သွားရပြန်သည်။ စိုင်းမာန်သစ်ရဲ့ အပြုအမူ အပြောအဆိုသေးသေးလေးတွေမှာတောင် ဘုန်းပြည့်အာဏာက ပြိုလဲရတာဖြစ်သည်။

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို ဆွဲခေါ်သွားလိုက်ကာ ခုဏက သျှင်ရဲအာဏာနဲ့ ဘုန်းပြည့်အာဏာ စကားပြောခဲ့တဲ့ နေရာသို့ရောက်လာလေသည်။ ထိုနေရာလေးက တော်တော်လှသည်ဆိုတာကို စိုင်းမာန်သစ်နှင့်လာမှ ဘုန်းပြည့်အာဏာ သိရပါသည်။

LOLLIPOPWhere stories live. Discover now