Episode (13)

28 2 0
                                    

Most Wanted To Say 🖤

Episode (13)

နေမင်းကြီး တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်နေသည့် ညနေစောင်းနေသော နေ့လေးတစ်နေ့တွင် တည်းခိုအိမ်ရှိ အခန်းတစ်ခုထဲ၌ လျံဖေးတစ်ယောက် ခုတင်ပေါ်တွင် အိပ်နေရာမှ အရင်ဘဝက အကြောင်းအရာများကို အိမ်မက်တစ်ခုအနေဖြင့် မြင်မက်နေမိရင်းကနေ တုန်ရီကြောက်လန့်စွာဖြင့် အကျယ်ကြီးထအော်မိလိုက်ပြီး နိုးထလာမိလိုက်လေသည်

ဟန်လျံဖေး - အားးး...

ဟု သူမ ထအော်သံကြောင့် ဘေးနားတွင်ရှိနေသော စီရန်လဲ တုန်လှုပ်သွားမိလိုက်လေရာ...

စီရန် - လျံဖေး

ဟန်လျံဖေး - စီ...စီရန်

စီရန် - အဆင်ပြေရဲ့လား ?

ဟန်လျံဖေး - ပြေပါတယ် ဒါနဲ့... လျံ...လျံဖေးဘာဖြစ်သွားတာလဲ ?

စီရန် - မင်းသတိမေ့သွားတာ

ဟန်လျံဖေး - အာ့...ဟုတ်သားပဲ ကယ်စီဖာနဲ့တွေ့ ခဲ့တာပဲ

စီရန် - မင်း သူ့စွမ်းအားထဲမှာခဏတာပိတ်မိသွားတာပါ

ဟန်လျံဖေး - စွမ်းအား

စီရန် - သူက မင်းနဲ့ပက်သတ်ခဲ့တဲ့အကြောင်းတချို့ကိုအိမ်မက်ဆိုးတစ်ခုအနေနဲ့ကြောက်လန့်အောင်လုပ်လို့ရတယ်လေ

ဟန်လျံဖေး - ဟုတ်လား

စီရန် - မင်း...ဘာမြင်ခဲ့သေးလဲ ?

ဟု စီရန် အမေးကြောင့် လျံဖေးလဲ ငြိမ်သက်သွားပြီး အနည်းငယ်စဥ်းစားမိလိုက်ပြီးနောက် အမြန်အဆန် ခုတင်ပေါ်မှဆင်းကာ အခန်းထဲမှ ပြေးထွက်သွားသောကြောင့် စီရန်လဲ ကြောင်မိသွားပြီး အနောက်မှလိုက်သွားလိုက်လေသည်

စီရန် - လျံဖေး

လျံဖေးတစ်ယောက် အောက်ထပ်သို့ ပျာပျာ
သလဲနဲ့ ပြေးဆင်းလာမူကြောင့် အရှေ့ဘက်ဧည့်ခန်းထဲရှိ သူငယ်ချင်းတွေ အကုန်လုံးမှာလဲ ဇဝေဇဝါကြောင်မိသွားကြလိုက်လေသည်

နန်ဟေး - လျံ...လျံဖေး

ခုလိ - အဆင်ပြေရဲ့လား ? သခင်မလေး ဘယ်နားနာနေသေးလဲ ?

Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ