Most Wanted To Say 🖤
Episode (17)
နေ့လေးတစ်နေ့ရဲ့ ကျောင်းတက်နေရသောအချိန်လေးတစ်ခုတွင် ဆရာ မလာသေးသောကြောင့် ကျောင်းသူကျောင်းသားများ ကိုယ်စီ
ကိုယ့်စီ အုပ်စုဖွဲ့ ၍ စကားပြောနေကြလေသည်"ကဲကဲ အားလုံးပဲ ခဏလောက်တိတ်ဆိတ်ပြီးနားထောင်ပေးကြပါ ဒုတိယအချိန်အတွက်စာမသင်ပဲတိုင်ပင်စရာရှိတာတိုင်ပင်လို့ရအောင်ကိုယ်ပိုင်အချိန်ပေးလိုက်တယ်"
"ရေးးး...ရေးးး...စာမသင်ရတော့ဘူး"
"နေအုံး နေအုံး ခဏလောက် ဒုခေါင်းဆောင်ပြောတာလေးနားထောင်ပေးကြပါ "
အမ်မလီ - ဒုခေါင်းဆောင်ဖြစ်တဲ့အမ်မလီပြောတာလေး တစ်ချက်လောက် နားထောင်ပေးကြပါ အားလုံးပဲ ကျောင်းပွဲတော်လဲ ရောက်တော့မှာဆိုတော့ အခြားအတန်းတွေနဲ့အတူ အမ်မလီတို့အတန်းကလဲ ပျော်စရာကောင်းသာလေးတစ်
ခုခုလုပ်ကြမလားလို့ တစ်ကျောင်းလုံးအတွက်လုပ်အုံးမယ်ဆိုပင်မဲ့လဲ ကိုယ့်စီကိုယ်စီ အတန်းတွေကလဲ တစ်ခုခုလုပ်ကြမှာဆိုတော့ အမ်မလီတို့အတန်းအတွက်လဲတိုင်ပင်သင့်တယ်ထင်လို့ပါ"ကောင်းတယ် ကောင်းတယ် သဘောတူတယ်"
"ဒါနဲ့... ငါတို့အတန်းကဘာလုပ်ကြမှာလဲ ?"
"အခြားအတန်းတွေကရော ဘာလုပ်မယ်ဆိုတာမကြားမိကြဘူးလား ?"
"သရဲအိမ်တို့ ဂိမ်းကစားလို့ရတာတို့ဘာတို့ဆိုရင်ရော"
"အဲ့တာတွေက တခြားအတန်းတွေလဲစဥ်းစားမိလောက်မှာ ပြီးတော့ရိုးလဲရိုးနေပြီလေ"
နန်ဟေး - ဒါမှမဟုတ် စားသောက်ဆိုင်ဖွင့်မယ်ဆိုရင်ရော
အမ်မလီ - အွန်းးး နန်ဟေးပြောတာလေးတော့မဆိုးဘူး
"ဒါမဲ့... တခြားအတန်းတွေလဲတော်တော်များများလုပ်ကြမှာပဲလေ အနည်းဆုံးတော့ သုံးလေးတန်းလောက်ကတော့လုပ်ကြမှာပဲ"
"သူတို့နဲ့မတူတာလုပ်မယ်ဆိုရောရင် ရောင်းတာချင်းမတူတာမျိုးပေါ့"
ဟန်လျံဖေး - တစ်ဆိတ်လောက် အဲ့ဒီစကားကိုလျံဖေးလဲလက်ခံတယ် လျံဖေးတို့အတန်းလဲ စားသောက်ဆိုင်တစ်ခုခုဖွင့်ပြီး လုပ်ကြမယ်ဆိုရင်ရော တခြားအတန်းတွေနဲ့မတူပဲ ကော်ဖီဆိုင်လေးတစ်ခုဆိုရင်ရော
YOU ARE READING
Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }
Actionရည်ရွယ်ချက်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ဟန်လျံဖေးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘဝမှာ အစ်မဖြစ်သူနဲ့အတူ နှစ်ယောက်ထဲအတူနေထိုင်ရင်း မမျှော်လင့်ပဲ သူငယ်ချင်းတွေဖြစ်တဲ့ ထူးထူးဆန်းဆန်း တိရိစ္ဆာန်များနဲ့အတူ တွေ့ဆုံမိခဲ့ကြပြီး ကြုံတွေ့လာရမဲ့ အထူးအဆန်း ကံကြမ္မာအဖြစ်အ...