Most Wanted To Say 🖤
Episode (10)
လမင်းကြီးမှာ အရမ်းကိုလင်းထိန်နေပြီး ညဘက်အချိန်အခါမှာလဲ အနည်းငယ်အေးစိမ့်လာပေလေရာ နန်ဟေးတို့ အကုန်လုံးလဲ ပွဲတော်ထဲသို့ရောက်ရှိနေကြပြီး မီးရှုးမီးပန်းဖောက်တာ
ကြည့်ရန် လူအများနဲ့အတူ စုစုစည်းစည်းရှိနေကြလေသည်ခုလိ - နန်ဟေး… သခင်မလေးရော?
နန်ဟေး - အင့်… ငါတို့အနောက်ကနေပါလာတာမဟုတ်ဘူးလား?
နိုရာ - ဘယ်ရောက်သွားတာလဲ?
လူးကပ်စ် - ဘာဖြစ်လို့လဲ?
နန်ဟေး - လျံဖေးကိုတွေ့မိသေးလား?
လူးကပ်စ် - နင်တို့ခေါ်သွားတာမဟုတ်ဘူးလား?
နန်ဟေး - ပါလာတာပဲ အခုမတွေ့တော့လို့
ဟု သူမတို့အကုန်လုံးကသာ ပွဲတော်ထဲတွင်စုစုစည်းစည်းနဲ့ ရှိနေကြပင်မဲ့ လျံဖေးတစ်ယောက်မှာတော့ ဘယ်ရောက်လို့ရောက်သွားမှန်းမသိ မတွေ့မိလိုက်ကြတော့လေရာ အကုန်လုံးလဲ စိတ်ပူသွားမိကြလေသည် ထို့အချိန် တောကြီးထဲရှိ အဝေးတစ်နေရာမှ လျံဖေးတစ်ယောက်ရဲ့ အော်ဟစ်လိုက်တဲ့အသံကို တာရိုနဲ့ခုလိတို့ နှစ်ယောက်လဲ တိရိစ္ဆာန်တွေကဲ့သို့ နားပါးစွာဖြင့် ကြားမိလိုက်လေရာ…
ဟန်လျံဖေး - အားးး…
တာရို, ခုလိ - သခင်မလေး
ဝမ်ချန် - ဘာဖြစ်လို့လဲ?
တာရို - သူမအော်လိုက်တဲ့အသံကြားမိလိုက်တယ်
လူးကပ်စ် - သူမတစ်ခုခုဖြစ်နေပြီထင်တယ်
စီရန် - လူခွဲပြီးရှာကြရအောင်
ဟု သူမ အော်လိုက်တဲ့ အသံကြောင့် စီရန်တို့အကုန်လုံးလဲ ပိုပြီး စိုးရိမ်သွားမိလိုက်ကြလေရာ အမြန်အဆန် ပွဲတော်ထဲမှထွက်၍ တောကြီးထဲသို့ ပြေးဝင်သွားကြလိုက်ပြီး လျံဖေးတစ်ယောက်ကိုသာ လိုက်ရှာကြရတော့လေသည်
အဘယ်ကြောင့်ဆိုသော် လျံဖေးတစ်ယောက်
ပီတာရဲ့ တွန်းချခံလိုက်မူကြောင့် ချောက်ထဲသို့ပြုတ်ကျသွားမိလိုက်ပြီး ခဏတာ သတိမေ့သွားမိလိုက်လေရာ သူမပြန်နိုးလာတော့ ဂူတစ်ဂူရှေ့သို့ ပြုတ်ကျနေလေသည်
ESTÁS LEYENDO
Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }
Acciónရည်ရွယ်ချက်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ဟန်လျံဖေးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘဝမှာ အစ်မဖြစ်သူနဲ့အတူ နှစ်ယောက်ထဲအတူနေထိုင်ရင်း မမျှော်လင့်ပဲ သူငယ်ချင်းတွေဖြစ်တဲ့ ထူးထူးဆန်းဆန်း တိရိစ္ဆာန်များနဲ့အတူ တွေ့ဆုံမိခဲ့ကြပြီး ကြုံတွေ့လာရမဲ့ အထူးအဆန်း ကံကြမ္မာအဖြစ်အ...