Most Wanted To Say 🖤
Episode (19)
နေ့လည်ခင်းအချိန်အခါဖြစ်သော နေ့လေးတစ်
နေ့တွင် လျံဖေးတို့အိမ်၌ လူစုံတက်စုံ ရောက်ရှိနေကြလေသည်နန်ဟေး - ငါလုံးဝမယုံနိုင်ဘူး သူတို့နှစ်ယောက်
လုံး အဲ့လိုလုပ်ကြလိမ့်မယ်လို့ တကယ်ကိုမထင်ထားဘူးနိုရာ - ဝေလင်းတစ်ယောက် အရင်ကအဲ့လိုမဟုတ်ပါဘူး အချိန်ပြည့်ငါတို့အနားမှာ ကယ်စီဖာ လူအနေနဲ့ရှိနေခဲ့ကြတာပေါ့
တာရို - ဒါမဲ့ ဟာ သူငယ်ချင်းအချင်းချင်းတွေကိုအခုလိုတော့သစ္စာမဖောက်သင့်ကြပါဘူး
လန်ရှင်း - အဲ့တာတော့ဟုတ်တယ် ကယ်စီဖာတစ်ယောက်ဘယ်လိုလူလဲဆိုတာသိနေရဲ့သားနဲ့ အခုလိုတော့မလုပ်သင့်ပါဘူး ကွာ
တအိ - ဘာပဲဖြစ်ဖြစ် အရင်ထက်တော့ သတိ
ထားဖို့လိုပြီးသောမတ်စ့် - တအိပြောတာမှန်တယ် နောက်တစ်ခါဆို သူတို့က လျံဖေးကိုအပိုင်ဖမ်းတော့မှာ
ဟု စကားပြောနေကြချိန် စီရန်တစ်ယောက် ပတ်တီးများစွာဖြင့် အပေါ်ထပ်မှဆင်းလာလိုက်လေသည်
ဟန်လျံဖေး - စီရန် အဆင်ပြေရဲ့လား ? ဒဏ်ရာတွေရောသက်သာသွားပြီလား ? ဘယ်လိုနေနေသေးလဲ ?
စီရန် - အဆင်ပြေပါတယ် စိတ်မပူပါနဲ့
ဝမ်ချန် - မင်းဘယ်လိုလုပ် အပြစ်ကြေသွားတာလဲ ?
စီရန် - ငါလဲမသိဘူး
သောမတ်စ့် - ဒါမဲ့ တစ်ခုကောင်းတာပေါ့ မင်းအရင်အတိုင်းစွမ်းအားတွေပြန်ရသွားပြီဆိုရင် သေချာပေါက်ကယ်စီဖာကိုနိုင်လောက်တယ်
လူးကပ်စ် - မင်းပုံစံကိုဒီကောင်လဲတွေ့သွားပြီဆိုတော့ သူလဲနည်းနည်းတော့တုန်လှုပ်သွားလောက်မှာပဲ
စီရန် - အမှန်တော့ အောက်တိုင်းပြည်ကအကြီး
အကဲတွေက ငါ့ကိုအခွင့်အရေးတစ်ခုပေးလိုက်တယ် အကယ်၍ သက်ဆိုင်တဲ့သူကခွင့်လွှတ်
ပေးခဲ့လို့ရှိရင် အပြစ်ကနေလွတ်နိုင်တယ်ဆိုပြီးဟု ပြောနေရင်း လျံဖေးကိုလှမ်းကြည့်လိုက်လေရာ သူမလဲ စီရန်ကိုကြည့်ရင်း တွေးဝေစဥ်းစားသွားမိလိုက်လေသည် အမှန်တော့ စီရန်တစ်ယောက် လျံဖေးသွေးကိုသောက်လိုက်ချိန်ကတည်းကအပြစ်မှကင်းလွတ်သွားခဲ့ခြင်းဖြစ်လေသည် သူမရဲ့သွေးကြောင့်လဲပါသလို သူမရဲ့ခံစားချက်တွေ သူ့အပေါ်ထားရှိတဲ့ သူမရဲ့စိတ်ခံစားမူတွေကြောင့်လဲဖြစ်ပေလေသည်
YOU ARE READING
Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }
Actionရည်ရွယ်ချက်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ဟန်လျံဖေးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘဝမှာ အစ်မဖြစ်သူနဲ့အတူ နှစ်ယောက်ထဲအတူနေထိုင်ရင်း မမျှော်လင့်ပဲ သူငယ်ချင်းတွေဖြစ်တဲ့ ထူးထူးဆန်းဆန်း တိရိစ္ဆာန်များနဲ့အတူ တွေ့ဆုံမိခဲ့ကြပြီး ကြုံတွေ့လာရမဲ့ အထူးအဆန်း ကံကြမ္မာအဖြစ်အ...