Most Wanted To Say 🖤
Episode (18)
ညဘက် အေးချမ်း ပျော်ရွှင်ဖွယ်ကောင်းနေသော ညလေးတစ်ည၌ မနက်ခင်းတစ်နေ့လုံး ပွဲတော်ကြီးကို ပျော်ရွှင်စည်းကားစွာနဲ့ ကျင်းပလာကြပြီးနောက် ညအချိန်တွင် အမှတ်တရ မီးရှုးမီးပန်းများဖောက်ကြရန် ကျောင်းသူကျောင်းသားများဖြင့် စည်းကားစုဝေးနေကြပြန်လေသည် အပေါ်ဆုံးထပ်ဖြစ်သော ကျောင်းခေါင်းမိုးပေါ်တစ်ခု၌ စီရန်တစ်ယောက် အလုပ်ပြီးလို့ တစ်ယောက်ထဲ အမောဖြေရင်း ထိုင်နေလေရာ လျံဖေးတစ်ယောက် ရေလေးတစ်ဗူးကိုင်ပြီး ထိုနေရာသို့ရောက်လာလေသည်
ဟန်လျံဖေး - ပင်ပန်းသွားပြီလား ? ရော့ ရေဗူး
စီရန် - ကျေးဇူးပဲ မပင်ပန်းပါဘူး မင်းရှိနေတာပဲကို
ဟု ဆိုသည့်စကားကြောင့် သူမလဲစီရန်ကိုတစ်ချက်လှမ်းကြည့်၍ ကျေနပ်စွာဖြင့် ပြုံးမိလိုက်ပြီး စကားကိုပြန်ပြောလိုက်လေသည်
ဟန်လျံဖေး - ရှင်နဲ့လူးကပ်စ်နဲ့အမွှာတွေများလား ? ဟမ် သူလဲအမြဲတမ်းအဲ့လိုပြောတယ်
စီရန် - လူးကပ်စ်ကလား ဒါမဲ့…ငါကသူထက်တော့နည်းနည်းတိုးတက်နေပြီမလား ?
ဟန်လျံဖေး - အမ်… ဟို… ဟို…သူငယ်ချင်းအချင်းချင်းရင်းရင်းနီးနီးရှိကြတာကောင်းတာပဲလေ
ဟု စကားပြောနေကြရင်း လျံဖေးတစ်ယောက် ဗိုက်ထဲမှ အသံမြည်လာသံကြောင့် ရှက်သွားမိလေရာ စီရန်လဲ သူမကိုကြည့်ရင်း သဘောကျမိ၍ အနည်းငယ်ရယ်ပြုံးပြုံးလိုက်လေသည်
စီရန် - ငါမင်းအတွက်တစ်ခုခုသွားယူပေးမယ်
ဟန်လျံဖေး - အာ့…ဟုတ်
ဟု ထိုသို့ပြောပြီး စီရန်တစ်ယောက်ထွက်သွားတော့သည့်ကို လျံဖေးလဲ ကျေနပ်သဘောကျစွာဖြင့် လိုက်ကြည့်နေမိနေတုန်း ရုတ်တရက် အသံတစ်ခုကြောင့် လန့်ဖြန့်သွားမိလိုက်လေသည်
ကယ်စီဖာ - ဟန်…လျံ…ဖေး
ဟန်လျံဖေး - ကယ်…ကယ်စီဖာ
ကယ်စီဖာ - အင်း ငါပါပဲ မိန်းမချောလေး
ဟု ပြောပြီး မဲ့ပြုံးတစ်ခုကိုပြုံးလိုက်လေသည်
တစ်ဖက်တွင်လဲ နန်ဟေးတို့သူငယ်ချင်းတစ်စု တစ်ခြားသူတွေနဲ့အတူ မီးပန်းများဖောက်ပြီး အတူတူကြည့်ကြရန်အတွက် ကျောင်းအ
နောက်ဘက်တွင် လုပ်စရာရှိသည့်အလုပ်များကို အမြန်လက်စသတ်နေချိန် သူမတို့ရှိရာသို့ လူနှစ်ယောက် ရောက်ရှိလာလေသည်
BINABASA MO ANG
Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }
Actionရည်ရွယ်ချက်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ဟန်လျံဖေးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘဝမှာ အစ်မဖြစ်သူနဲ့အတူ နှစ်ယောက်ထဲအတူနေထိုင်ရင်း မမျှော်လင့်ပဲ သူငယ်ချင်းတွေဖြစ်တဲ့ ထူးထူးဆန်းဆန်း တိရိစ္ဆာန်များနဲ့အတူ တွေ့ဆုံမိခဲ့ကြပြီး ကြုံတွေ့လာရမဲ့ အထူးအဆန်း ကံကြမ္မာအဖြစ်အ...