Episode (21)

13 2 0
                                    

Most Wanted To Say 🖤

Episode (21)

တိမ်လေးတွေ တရွေ့ရွေ့နဲ့ သွားလာနေသောမနက်ခင်း နေ့လေး တစ်နေ့ဖြစ်နေသော်လဲ အနည်းငယ် အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေလေရာ လျံဖေးတစ်ယောက် ကျောင်းပြေးစွာဖြင့် အစ်မလုပ်သူနဲ့အတူ နယ်ဘက်လေးရှိရာဆီသို့ လိုက်လာခဲ့လေသည် အစ်မလုပ်သူမှာတော့ အလုပ်
တာဝန်ကြောင့် ဆေးလိုက်ကုပေးရန်အတွက် ထိုနယ်လေးသို့ ခရီးထွက်လာရသော်လဲ လျံဖေးတစ်ယောက် အကြောင်းတစ်ခုရှိတာကြောင့် အစ်မအနောက်သို့ ကပ်ပါးတစ်ကောင်ကဲ့သို့ အတူတူလို​က်လာခဲ့ခြင်းပင်ဖြစ်လေသည် မနေ့ကတည်းက ထိုနယ်လေးရှိရာသို့ ရောက်ရှိလာကြပြီး အနည်းငယ်ဝေးကွာသော မြို့ထဲပိုင်းရှိ လူးကပ်စ်ပိုင်တဲ့ ဟော်တယ်လေးတစ်ခု၌ တည်းခိုနေကြ​​ခြင်းဖြစ်၍ အခန်းထဲတွင် ညီမနှစ်ယောက် ဆေးပစ္စည်းတွေထည့်ရင်း စကား
ပြောနေကြလေသည်

”နင်သေချာရဲ့လား ? အခုလိုမျိုးကျောင်းပြေးလို့ရတယ်ဆိုတာ ”

ဟန်လျံဖေး - ရပါတယ်အစ်မရဲ့
အလုပ်ရော ကျောင်းရောခွင့်တိုင်ခဲ့တယ်

”အဲ့လောက်တောင်လိုက်ချင်နေတာ အကြောင်းတော့ရှိရမယ် ဘာလိုချင်နေလို့လဲ ? ”

ဟန်လျံဖေး - မရှိပါဘူး အစ်မကိုစိတ်မချလို့ပါ

”အပိုတွေ အရင်ကလဲအခုလိုသွားနေကြပဲကို
ပြီးတော့အခုဟာကနှစ်ရက်သုံးရက်လောက်ပဲကြာမဲ့ဟာကို ”

ဟန်လျံဖေး - အစ်မကလဲ အစ်မကဆေးကုလို့ပင်ပန်းရင် လျံဖေးကအချစ်တွေနဲ့ပြန်ကုပေးလို့ရအောင်လို့ပါ

”ခေါင်းတော့မထိထားပါဘူးနော် ငါ့ညီမတော်
တော်စကားတတ်နေတယ် အေးလေ ရက်ပိုင်းလောက်ပဲကြာမှာဆိုတော့ အဆင်တော့ပြေပါတယ် ”

ဟန်လျံဖေး - အင်း လျံဖေးလဲ နည်းနည်းစိတ်အပန်းဖြေလို့ရအောင်လို့ပါ ကျောင်းတက်ရတာပျင်းလာလို့လေ ပြီးတော့ လုပ်စရာကိစ္စတစ်ခုလဲရှိလို့ပါ ဒါနဲ့ အစ်မတို့အဖွဲ့ကရော ဘယ်မှာစောင့်နေမှာတဲ့လဲ ?

”သူတို့က နယ်ဘက်ရောက်နေကြလောက်ပြီးထင်တယ် ဆရာဝမ်ချန်လဲပါမှာဆိုတော့ ဒါနဲ့… နင်ဆရာဝမ်ချန်နဲ့တော်တော်ရင်းနီးလား ? ”

Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }Donde viven las historias. Descúbrelo ahora