Episode (15)

18 3 0
                                    

Most Wanted To Say 🖤

Episode (15)

နေမင်းကြီးထွက်လာပြီး မိုးလင်းခါစမနက်ခင်းအချိန်တစ်ခု၌ စီရန်တစ်ယောက် အစောကြီးစာအုပ်ဆိုင်ရှိရာသို့ ရောက်ရှိလာခဲ့လိုက်လေသည်

”စီရန် အစောကြီးရောက်လာပါလား ”

စီရန် - အင်း

”ရှုးးး…တိုးတိုး ဘယ်သူမှတော့မရှိသေးပင်မဲ့ အနောက်ဘက်ထဲမှာ လျံဖေးတစ်ယောက် အိပ်နေလို့ ဘယ်ချိန်ကတည်းကရောက်နေလဲတော့မသိဘူး ငါရောက်ထဲက အိပ်မောကျနေလို့
ပင်ပန်းနေပုံရလို့ကျောင်းသွားဖို့မနိုးတော့တာ”

ဟု ဆိုင်ရှင်ကြီးရဲ့ အပြောကြောင့် စီရန်လဲ ကြောင်သွားလိုက်ပြီး ဆိုင်အနောက်ဘက်ထဲသို့ ဝင်သွားလိုက်လေရာ စာအုပ်စင်လေးတစ်ခုကိုမှီပြီး အိပ်မောကျစွာဖြင့် အိပ်ပျော်နေသော လျံဖေးကို တွေ့လိုက်ရတာကြောင့် သူလဲ ဘေးနားသို့ တိတ်တိတ်လေးဝင်ထိုင်လိုက်ပြီး ငြိမ်သက်စွာဖြင့် အိပ်ပျော်နေသော သူမ မျက်နှာလေးကိုပဲ သဘောကျစွာဖြင့် သေချာကြည့်နေမိလို​က်လေသည်

စီရန် - ချစ်စရာလေး

လျံဖေးမှာတော့ အရမ်းကိုပင်ပန်းနေသော လူတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာနဲ့သာ အိပ်ပျော်နေတာကြောင့် စီရန်လဲ သူမကိုကြည့်ရင်း သူမပါးပြင်လေးပေါ်တွင် ဖွကျနေသော ဆံပင်လေးများကို နားထဲသို့ ပွတ်သပ်ပေးလိုက်သောအခါ လျံဖေးလဲ အနည်းငယ် တွန့်ရှုပ်သွားပြီး စီရန် ရင်ခွင်ပုခုံးပေါ်သို့ မှီကျလာလိုက်လေရာ စီရန်လဲ ရင်ထဲတွင် တဒိတ်ဒိတ်ဖြင့် ရှက်သွားမိလေသည် သို့သော် ရင်ထဲမှာတော့ ကျေနပ်သဘော
ကျမိ၍ သူမ မျက်နှာလေးကိုပဲ ငုံ့ကြည့်နေမိလိုက်လေသည် ခဏကြာတော့ လျံဖေးလဲ
တအင့်အင့်နဲ့ အိပ်နေရာမှ မျက်လုံးလေးအနည်းငယ်ဖွင့်ဟ၍ နိုးလာလိုက်ချိန် အနားသို့စီရန်တစ်ယောက်ရောက်ရှိနေသောကြောင့်
ပုခုံးကိုမှီအိပ်နေရာမှခွာလိုက်ပြီး ကြောင်မိသွားလေသည်

ဟန်လျံဖေး - စီရန်

စီရန် - ပင်ပန်းနေပုံပဲ

ဟန်လျံဖေး - ဘယ်အချိန်ကတည်းကရောက်နေတာလဲ ?

စီရန် - မင်းအိပ်နေတဲ့အချိန်ကတည်းက တစ်
ညလုံးဒီမှာလာအိပ်နေတာလား ?

Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }Donde viven las historias. Descúbrelo ahora