Episode (27)

21 2 0
                                    

Most Wanted To Say 🖤

Episode (27)

လ၏ ညအမှောင်ကြီးမှာ ခြောက်ခြားစဖွယ် အေးချမ်းတိတ်ဆိတ်နေပြီး လေပြင်းလေးများမှာလဲ တဟူးဟူးတိုက်ခတ်နေကြ၍ တရွေ့ရွေ့ လှုပ်ရှားနေသော တိမ်များမှာလဲ ဝမ်းနည်းကြေကွဲဖွယ်ကောင်းနေပေလေသည် အပြီးသတ်မဆောက်ရသေးသော အဆောက်အဦးတစ်ခုပေါ် ရှိ အပေါ်ဆုံးခေါင်းမိုးအထပ်ပေါ်သို့ စီရန်နဲ့ကယ်စီဖာ တို့နှစ်ယောက် "ဝုန်း"ဆိုသည့် ကျယ်လောင်လှသောအသံနှင့်အတူ လေပေါ်ကနေ တိုက်ခိုက်နေကြရင်း ပြုတ်ကျလာမိကြလိုက်လေသည် နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်မှာလဲ ထိခိုက်ထားကြသည့်ဒဏ်ရာပေါင်းများစွာနဲ့အတူ သွေးတစ်လုံးလုံးဖြင့် နာကျင်နေကြသော်လဲ တစ်ယောက်မဟုတ်တစ်ယောက် သေမှ ဒီတိုက်ပွဲကြီးပြီးဆုံး ရပ်တန့်မှာဖြစ်တာကြောင့် အဆုံးထိ စွမ်းအား ကိုယ်ဆီထုတ်၍ သူငယ်ချင်းဆိုသည့်အသိစိတ်များကိုတောင်မေ့ကာ နှစ်ယောက်သား မရပ်မနားတိုက်ခိုက်နေကြတော့လေသည် ထိုနေရာကြီးမှာ ဟော်တယ်တစ်ခုအဖြစ်တည်ဆောက်နေသော အဆောက်အအုံကြီးတစ်ခုဖြစ်ရာ လျံဖေးတစ်ယောက် မြင့်မားလှသော ထိုအဆောက်အဦးထဲသို့ဝင်၍ ကပျာကယာဖြင့် ထိုရှည်လျားမြင့်မားနေသော လှေကားပေါ်သို့ အလျင်အမြန်ပြေးတက်သွားလိုက်တော့လေသည်

ဟန်လျံဖေး - မဟုတ်ဘူး မဟုတ်ဘူး ဒီတစ်ခါထပ်ပြီးလဲ အဖြစ်မခံနိုင်တော့ဘူး စီရန် ကျေဇူးပြုပြီး ထပ်မဖြစ်ပါနဲ့တော့ လျံဖေးကိုစောင့်ပေးပါ လျံဖေး စီရန်ကိုလာကယ်မယ် ဒီတစ်ခါတော့ လျံဖေးထပ်ပြီး စီရန်ကိုအဆုံးရှုံးမခံတော့ဘူး ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ မျှော်လင့်ပ့ရစေ

ဟု စိတ်ထဲတွင် အော်ဟစ်ပြောဆိုရင်း အရမ်းကိုမြင့်မားရှည်လျားလှသော လှေကားပေါ်ကနေ အဆက်မပြတ် ပြေးတက်လာနေ၍ ရင်ထဲ၌လဲ အရမ်းကိုတုန်လှုပ်စိုးရိမ်နေမိလေရာ ဒီကနေ ဒီအဖြစ်အပျက်တွေကို သူမကြိုသိနေခဲ့တာကြောင့် စိတ်ကိုပြင်ဆင်ထားခဲ့သော်လဲ သူမဒီအချိန်ကိုပြန်ပြန်ရောက်တိုင်း သူမရဲ့စိုးရိမ်ကြောက်စိတ်တွေကို ဘယ်လိုမှထိန်းမရတော့ပေ ထိုသို့သူမ အမြန်အဆန် လှေကားပေါ်မှပြေးတက်လာနေရင်း ရုတ်တရက် ခလုတ်တိုက်သွားမိပြီး ချော်လဲမှောက်ကျသွားမိလိုက်လေရာ အနည်းငယ်နာကျင်သွားလေသည် အသက်ရှုရာမှာအရမ်းကိုပြင်းထန်မောဟိုက်နေပြီး နှလုံးခုန်သံများမှာလဲမြန်ဆန်နေ၍ ချော်လဲမူကြောင့်နာကျင်သွားသော်လဲ သူမ စိတ်ကိုတင်းကာ အားယူကုန်းထနေရင်း အမှတ်မထင် သူမမျက်စိရှေ့ရှိမြေကြီးပေါ်တွင်ကျနေသော မှန်ကွဲစ အပိုင်းလေးကိုသွားတွေ့မိလိုက်လေရာ
တစ်ဖက်တွင်လည်း စီရန်နဲ့ ကယ်စီဖာ တို့နှစ်ယောက် တဝုန်းဝုန်း တဟုန်းဟုန်း တိုက်ခိုက်နေကြ၍ ကယ်စီဖာ တစ်ယောက် လက်သည်းချွန်များဖြင့် ထိုးကုတ်မယ်လုပ်တာကြောင့် စီရန်လည်း လှမ်းကာလိုက်ပြီး မီးစွဲနေသောလက်သည်းဖြင့် ဆွဲဖဲ့ကုတ်ထည့်လိုက်သောကြောင့် ကယ်စီဖာလည်း နာကျင်သွားသော်လဲ အလျော့မပေးသေးပဲ တောင်ပံကြီး တဝူးဝူးရမ်းခတ်ပျံသန်းရင်း ကုတ်ဖဲ့ဆွဲကိုက်တော့လေရာ စီရန်လည်း ကယ်စီဖာမျက်နှာအား ဆုပ်ကိုင်ဆွဲဖဲ့လိုက်ပြီး အား​ဖြင့်အဝေးတစ်နေရာသို့ ဆွဲပစ်လိုက်တာကြောင့် ကယ်စီဖာလည်းလွင့်ထွက်နာကျင်သွားပေလေသည်

Most Wanted To Say 🖤 (အပြောချင်ဆုံးစကား) { Completed }Donde viven las historias. Descúbrelo ahora