The Thief ( Part 3)
(◔‿◔) (◔‿◔) (◔‿◔)
Gulf ကုမ္ပဏီကို ရောက်တော့ အစောကြီး
ဖြစ်နေတယ် ဧည့်ကြို စာရေးမလောက်သာ
ရှိနေပြီး တခြား ဝန်ထမ်းတွေ သိပ်မရှိသေး" မဂ်လာပါ အစ်မ
ကျတော် ဒီနေ့ အလုပ်စဝင်တာပါ
အဲဒါဘယ်ကို သွားရမလည်း ခင်ဗျ "" အဲဒါက မန်နေဂျာ လာတော့
ပြောပါလိမ့်မယ်
အခု မန်နေဂျာ ရောက်သေးဘူး
ဟိုမှာ ထိုင်စောင့်နေလိုက်ပါ မောင်လေး "" ဟုတ်ကဲ့ ကျေးဇူးပါ "
Lobby ထဲမှာ ရှိတံ့ ထိုင်ခုံမှာGulf သွားပြီး
ထိုင်နေလိုက်တယ် ..သူထိုင်ပြီး မကြာခင်မှာပဲ သူနဲ့ ရွယ်တူ
ကောင်လေးတယောက် Gulf အရှေ့မှာ
ဝင်ထိုင်လိုက်တယ် .." မဂ်လာပါ ကျတော် Tar ပါ
ဒီနေ့မှ အလုပ်စဝင်တာပါ .. "သူ့က ပြုံးပြ မိတ်ဆက်လိုက်တဲ့
ကောင်လေးကိုGulf ပြန် ပြုံးပြလိုက်တယ် .." ကျတော် Gulf ပါ အတူတူပါပဲ
ဒီနေ့မှ အလုပ်ဝင်တာပါ "" ဟုတ်လား ကျတော်တို့ဘအသက်အတူတူလောက်ဖြစ်မယ်ထင်တယ်..
ရင်းရင်းနှီးနှီး ပြောကြတာပေါ့ "" အိုကေ . Welcome "
Gulf နဲ့ Tar တို့ အချင်းချင်းလက်ဆွဲ
နှုတ်ဆက်လိုက်ကြတယ် .
သက်တူရွယ်တူဆိုတော့ လူငယ်ချင်း
လွယ်လွယ်ပဲ ခင်မင်ရင်းနှီးသွားကြတယ် ..ခဏကြာတော့ မန်နေဂျာဖြစ်သူ
ရောက်လာတယ် ..
ဧည့်ကြို ကောင်မလေးပြောပြတာနဲ့
ကိုလွင် Gulf တို့ နှစ်ယောက်အနား
ရောက်လာတယ် .." ရောက်နေကြပြီးလား ညီလေးတို့ ..
တယောက်က Gulf , နောက်တစ်ယောက်က Tar ဟုတ်တယ်နော် ..Tar က ပန်းထိမ်ဌာန ဘက်မှာ လုပ်ရမှာ ..
လာ အစ်ကို လိုက်ပို့ပေးမယ် ဟိုရောက်တော့
ဘာတွေ လုပ်ရမယ်ဆိုတာ သိသွားလိမ့်မယ်Gulf ကတော့ ဒီဘက် ရုံးပိုင်းဆိုင်ရာဘက်မှာ
လုပ်ရမှာ ခဏ ထိုင်အုန်း အစ်ကို သူ့ကို ပို့ပြီး
ပြန်လာရင် ရှင်းပြမယ် .. "Tar ကို ကိုလွင် သူဌာနဘက် လိုက်ပို့နေတုန်း
Gulf lobby ထဲ ဆက်ထိုင်နေခဲ့လိုက်တယ် ..

YOU ARE READING
The Thief
Fanfictionမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut