The Thief (Part 10)

544 48 4
                                    

The Thief ( Part 10 )

(◔‿◔) (◔‿◔) (◔‿◔)

Gulf နောက်ဖေးဘက်မှာ ရှိနေတုန်း
ဒေါ်နန်းဆိုင်နဲ့ MEW တို့ စကားပြော
လိုက်ကြတယ် ..

" MEW , Gulf အပြောဆိုးတာ ရှိရင်
မဲ့ တောင်းပန်ပါတယ်နော်  ..
သူက နယ်မှာတည်းက လူစွာလေ မဲ့တို့ကို
ပြောလည်း အဲလိုပဲ  ..

ပြီးတော့ ကျေးဇူးလည်းတင်မိတယ် ..

Gulf ခုတလော လိမ္မာလာတယ်လို့
မဲ့ သတိထားမိလာတယ် ..
သူ ဟိုလိုတွေလည်း မလုပ်တော့ဘူး "

" ရပါတယ် မဲ့  Gulf က ရိုင်းတာမဟုတ်ပါဘူး
သူ့စိတ်ထဲရှိတဲ့ အတိုင်း စကားကို
တန်ဆာဆင်မပြောတတ်တာ  ..
အဲဒါကို ကျတော် သဘောကျတာ " ..

" ကျတော် ပြန်ရင် Gulf ကို ခဏ
ခေါ်သွားမယ်နော် မဲ့ အလုပ်ကိစ္စ ရှိလို့  ..

ပြီးတော့ တကယ်လို့ နောက်ကျသွားရင်
မပြန်ခိုင်းတော့ပဲ ဟိုမှာ အိမ်ခိုင်းလိုက်မယ် .  "

"Gulf ကိုယ်နဲ့ လိုက်ခဲ့  "

ပန်းကန်တွေ ဆေးပြီး  သူတို့အနားလာထိုင်
လိုက်တဲ့ Gulf ကို MEW  ပြောလိုက်တယ်  ..

" ဟမ် ! ဘယ်ကို "

" ကိုယ့် အခန်းကို "

"  အမ် ! !! "

Gulf မျက်လုံးပြုးပြီး MEW ကို
ကြည့်လိုက်တယ်

မိခင်ဖြစ်သူရှေ့မှာ MEW ပြောလိုက်တဲ့
စကား ကြောင့် Gulf  အလန့်တကြား
ဖြစ်သွားတယ် ..

P'MEW ဘာတွေ ပြောနေတာလည်းဆိုတဲ့
အကြည့်နဲ့ Gulf ကြည့်လိုက်တယ် ..

" ဟဲ့ အလုပ်ကိစ္စအရေးကြီးတယ်ဆို
လိုက်သွားလေ 

ဘာ  အပျင်းလုပ်နေတာလည်း "

"အလုပ်ကိစ္စ ! ဘာ အလုပ်ကိစ္စလည်း မဲ့ "

သူ့အမေကို ကြည့်လိုက် MEW ကို
ကြည့်လိုက်နဲ့ Gulf နားမလည်သလို 
ကြောင် အအ ဖြစ်နေတယ်

MEWကို နားမလည်သလို
ထပ်ကြည့်လိုက်မှပဲ
Gulf  သဘောပေါက်သွားတော့တယ် ..

" အော် ! အင်း ဟုတ်တယ်
ကျတော်မေ့နေတာ "

" ဒီကောင်လေး အလုပ်ကိုမလေးစားတာ "

The ThiefWhere stories live. Discover now