The Thief ( Part 2)
(◔‿◔) (◔‿◔) (◔‿◔)
ရွာမှာ စီစဉ်စရာတွေ ရှိတာ လုပ်သင့်တာတွေ
ပြီးတာနဲ့ အိုက်လျန်နဲ့ မနန်းဆိုင်တို့ မိသားစု
မြို့ကို ပြောင်းရွေ့ခဲ့ကြတော့တယ် ..
အိုက်လျန်နဲ့ မနန်းဆိုင်ကတော့ ကိုယ်မရင်းနှီးတဲ့
မြို့ကြီးမှာ နေထိုင်လုပ်ကိုင် စားသောက်လို့
အဆင်ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ စိုးရိမ်ပူပန်မှု့
ရှ်ိပေမယ့် .
Gulfကတော့ ကလေးပီပီ နေရာအသစ်အဆန်းမှာ
နေရတော့မှာ ဆိုတော့ ပျော်လို့နေတော့တယ် ..ဘန်ကောက်မြို့ကြီးရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေး
တခုမှာ သူ့မိတ်ဆွေရဲ့ အကူအညီနဲ့ အိုက်လျန်တို့ မိသားစု အိမ်လေးတစ်အိမ် ဝယ်နိုင်ခဲ့တယ် ..အိုက်လျန်ကတော့ တက္ကစီမောင်းပြီး
မနန်းဆိုင်ကတော့ အပျိုထဲကစက်ချုပ်
တတ်တော့ အရပ်ထဲ အပ်ချုပ်ဆိုင်လေး
ဖွင့်ခဲ့လိုက်တယ် ..အိုက်လျန်ရဲ့ ကားမောင်းလို့ရတဲ့ ငွေကြေး
မနန်းဆိုင်ရဲ့ စက်ချုပ်လို့ရတဲ့ အခကြေးငွေနဲ့
ရွာမှာ ကျန်ခဲ့တဲ့ ခြံလေးရဲ့ အငှားခတို့နဲ့ အတူ
မိသားစုလေး လောက်လောက်ငှငှ ဖြစ်ခဲ့တယ်အစထဲက အိုက်လျန်နဲ့ မနန်းဆိုင်တို့က
တောသူတောသားဆိုတော့
အစားအသာက် အဝတ်အစား သိပ်ပြီး
ကြီးကျယ် ထည်ဝါတာ မရှိခဲ့ကြ ..Gulf အတွက်ကိုသာ ဦးစားပေးခဲ့ကြတယ် ..
ဒါပေမယ့် သူတို့ ဘယ်လိုပဲ ပြည့်စုံအောင်
ထားခဲ့ ထားခဲ့ Gulf ရဲ့ ဗီဇကတော့ ဒုံးရင်းဒုံးရင်ပဲ
ဖြစ်နေတော့တယ် ..အနှစ် နှစ်ဆယ်ခန့် ကြာသော် ..
ရာသီတွေ အလီ လီ ပြောင်း ပြောင်းလို့ ..
အိုက်လျန်ကနေ ဦးအိုက်လျန် ..
မနန်းဆိုင်ကနေ ဒေါ်နန်းဆိုင် အဖြစ်
အသက်တွေပြောင်းလဲလာခဲ့ကြတယ် ..ပထမတော့ Gulf ပညာရေးအတွက် ပြီးတော့
နေရာအသစ်မှာ သူတို့ ပြောင်းရွေ့နေလိုက်ရင်
ရွာမှာ နေတာထက် ပိုပြီး ကောင်းလာမယ်ဆိုတဲ့
အတွေး ရှိခဲ့ကြတယ် ..
YOU ARE READING
The Thief
Fanfictionမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut