The Thief ( Part 11 )
(◔‿◔) (◔‿◔) (◔‿◔)
MEW ကား ခြံရှေ့ရောက်တာနဲ့
ကောင်လေးတယောက် အပြေးလာပြီး
တံခါးဖွင့်ပေးလိုက်တယ် .." ကိုပြည့် ဦးသိန်း ဘယ်ရောက်နေလည်း "
" ထမင်းစားနေတယ် အစ်ကို "
" အော် အေးအေး "
ကားမောင်းဝင်လိုက်တဲ့ ခြံကြီးကို
Gulf ကားပြတင်းပေါက်ကနေ
လှမ်းငေးလိုက်တယ် .ခြံအကျယ်အဝန်း အနေအထားကို
မြင်လိုက်ရုံနဲ့MEWတို့ရဲ့ ကြွယ်ဝမှု့ကို
Gulf မှန်းမိလိုက်တယ်" Gulf ရောက်ပြီး ဆင်တော့လေ "
အိမ်ရှေ့ရောက်တဲ့အထိ သူ့အိမ်ကို ငေးနေတဲ့
Gulf ပုခုံးကို MEW ပုတ်လိုက်တယ် .." အော် ! အဟီး ဟုတ်ကဲ့ "
MEW ပြောမှပဲ Gulf အဟောင်းသား
ဖြစ်နေတဲ့သူ့ပါးစပ်ကို ပိတ်ဖို့ သတိရ
တော့တယ် ..ကားပေါ်ကဆင်းဖို့လုပ်နေတုန်း ခုနက
ကောင်လေး ရောက်လာပြီး Gulf ကို
တဲခါးဖွင့်ပေးဖို့ လုပ်လိုက်တယ် .." နေနေ ညီလေ အစ်က်ို့ ဘာသာ ဖွင့်မယ် "
MEW ကတော့ ဒီလိုနေထိုင်လာခဲ့လို့
ဒါတွေကအသားကျနေပေမယ့် ..
Gulf ကတော့ လူတယောက် ဒီလို
လုပ်ပေးတာကိုရှက်သလို ဖြစ်သွားရတယ် ..MEW ကားပေါ်က ဆင်းပြီး Gulf ပုခုံးကို
သိုင်းဖက်လိုက်တယ် .."လာ Gulf အိမ်ထဲဝင်ရအောင် "
MEWတို့ အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ရဲ့ အလုပ်သမားတွေ သူ့တို့အနား ရောက်လာ
ကြတယ် .." Gulf ဒါက အိမ်ရဲ့ စားဖိုမှုး ပြီးတော့
ကိုယ့်ကိုငယ်ငယ်ထဲက စောင့်ရှောက်
လာတဲ့ ဒေါ်စီ ..ကိုယ့်မိဘတွေက နိုင်ငံခြားမှာ ဒီ အဒေါ်ကပဲ
ကိုယ့်ကို ထိန်းကျောင်းလာခဲ့တာ "" ဒေါ်စီ သူ့က Gulf ကျတော့်ကောင်လေး "
MEW မိတ်ဆက်ပေးတဲ့ အမျိုးသမီးကြီးကို
Gulf ခေါင်းညိတ်ပြလိုက်တယ် ..MEW ဆိုတာ ကိုယ့်လက်ထဲမှာ ကြီးပြင်း
အရွယ်ရောက်လာတဲ့ ကောင်လေး ..
YOU ARE READING
The Thief
Fanfictionမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut