The Thief ( Part 5)(◔‿◔) (◔‿◔) (◔‿◔)
ကားပါကင်မှာ ကားရပ်ပြီးတာနဲ့ MEW ကုမ္ပဏီထဲဝင်လာခဲ့တယ် ..
ကုမ္ပဏီရဲ့ မှန်ချပ်တံခါးကို တွန်းဖွင့်
လိုက်တာနဲ့ သူ အရင်ဆုံး ကြည့်မိလိုက်တာက Gulf စားပွဲဟင် ! Gulf မရောက်သေးပါလား ..
Gulf မရောက်သေးတာ MEW အတွက်
ထူးဆန်းသွားရတယ် ..
အရင်ဆို သူ အလုပ်လာတဲ့ အချိန်တိုင်း
Gulf အလုပ်ကို ရောက်နေကြဖြစ်နေပြီ ..တစ်ရက်တစ်လေပါဆိုပြီး သူ ထင်ခဲ့ပေမယ့်
MEW ထင်သလို မဟုတ်ပဲ အလုပ်ကိုတော့
Gulf ဝရိယကောင်းခဲ့တာ သူ တွေ့ခဲ့ရတယ် .." ဒီနေ့တော့ ကောင်လေး
နောက်ကျနေပါလား"Gulf စားပွဲကို လှည့်ကြည့်ပြီး MEW သူ့အခန်းထဲဝင်လာခဲ့လိုက်တော့တယ် ..
သူ့စိတ်ထဲမှာတော့ တခုခု မပြည့်စုံသလို
ခံစားနေရတော့တယ် ..အလုပ်ရောက်ချိန်ထက် တော်တော် နောက်ကျနေတာတောင် Gulf ရောက်
မလာသေး ..Gulf ဘာဖြစ်လို့ပါလိမ့် !! ..
ကိုယ်က ကုမ္ပဏီတခုလုံးရဲ့ တာဝန်အရှိဆုံး
လူကြီးတစ်ယောက်လည်းဖြစ် သူဌေးလည်း
ဖြစ်နေတော့ အလုပ်သမားတစ်ယောက်
အလုပ်မလာတဲ့ ကိစ္စကို အရေးတယူ
လုပ်နေလို့MEW မသင့်တော် ..အလုပ်သာ လုပ်နေရတယ်
MEW မျက်လုံးက Gulf စားပွဲနေရာကိုသာ ရောက် ရောက်နေရတယ်" P'MEW "
" ကိုလွင် Gulf အလုပ်မလာဘူးလား "
သူ့ရုံးခန်းထဲဝင်လာတဲ့ ကိုလွင်ကို
MEW မနေနိုင်တာနဲ့ လှမ်းမေးလိုက်
တော့တယ် .ရုတ်တရက်ကြီး Gulf အကြောင်း
မေးလိုက်တော့
အလုပ်အကြောင်း ပြောဖို့ ဝင်လာတဲ့ ကိုလွင်
ကြောင် အမ်း အမ်း ဖြစ်သွားတယ် .." အော် ! ဟုတ် ဟုတ်တယ်
သူ ခွင့်တိုင်ထားတယ်နှစ်ရက်လောက်
Gulf ရုံးလာမှာမဟုတ်ဘူး အစ်ကို ..အရေးကြီး ကိစ္စ ရှိလို့လား "
" မရှိပါဘူး မတွေ့လို့ မေးကြည်တာ "
Gulf ခွင့်တိုင်ထားတာ သူကလည်း
အလုပ်များတော့ MEW ကို ပြောဖို့
ကိုလွင် မေ့သွားရတယ် ..

YOU ARE READING
The Thief
Fanfictionမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut