The Thief ( Part 12 )
(◔‿◔) (◔‿◔) (◔‿◔)
" ကား accident မဖြစ်ခင် Gulf မှာ
စိတ်ထိခိုက်စရာ တခုခု ကြုံခဲ့ရပါလိမ့်မယ် .
ဒါကလည်း အခုဖြစ်နေတဲ့ Gulf ရဲ့
ရောဂါအခြေအနေကို ဆေးပညာအရ
ကျတော်တို့ မှန်းဆကြည့်တာပေါ့နော် .အဲလိုဖြစ်တဲ့လူနာတွေရဲ့စိတ်မှာ
အဲလိုကြုံခဲ့ရရင် ဒီလိုအဖြစ်အပျက်ကြီးကို သူတို့ မေ့ပျောက်ချင်တဲ့ စိတ် ဖြစ်မိကြတယ် ..တနည်းပြောရရင်း လက်ရှိ စိတ်ဖိစီးမှု့ကနေ
ခဏ ထွက်ပြေး လွတ်မြောက်ချင်တာပေါ့အဲဒီစိတ်ကြီးက လူနာရှင်ရဲ့စိတ်မှတ်ဉာဏ်မှာ
စွဲသွားပြီး အရင်ကအကြောင်းတွေ မေ့သွား
တတ်ကြတယ် . ..နောက်တခုကတော့ Gulf ရဲ့ ထိခိုက်မှုက
ပြင်းထန်သွားသူ့ရဲ့ မှတ်ဉာဏ်တွေ ခဏ
ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်အဲဒီစိတ်တွေကြောင့် သူ စကားလည်း
မပြောတော့တာ ဖြစ်နိုင်ပါတယ် ..Gulf အကြောင်း ရှင်းပြနေတဲ့ ဆရာဝန်ရဲ့
စကားကို ဦးအိုက်လျန်နဲ့ ဒေါ်နန်းဆိုင်တို့
လင်မယား သေချာ အာရုံစိုက် နားထောင်
နေလိုက်တယ် .သူတို့က တောသူတောသား
အတန်းပညာလည်း
ရေးတတ်ဖတ်တတ်ရုံသာ တတ်ကြတာ ..အဲဒီတော့ ဆရာဝန်ပြောတဲ့ ဆေးပညာအကြောင်း သူတို့ နားလည်သလိုမလည်သလိုဖြစ်နေရတယ် ..
" ဟိုလေ ဆရာ အဲဒီတော့ သားက ကျမတို့
မိဘတွေကိုတောင် သတိမရတော့ဘူး
အဲလိုမျိုးလား "နားမလည်တော့ ဒေါ်နန်းဆိုင် ဆရာဝန်ကို
ထပ် မေးလိုက်တယ် .." ဟုတ်ပါတယ် အန်တီတို့ နားလည်အောင်
ပြောရရင် Gulf ဘယ်သူ့ကိုမှ
မမှတ်မိတာပါ ..
အန်တီတို့က သူ့အဖေနဲ့ အမေလို့သာ
ပြောပေမယ့် ..
သူ့စိတ်ထဲမှာတော့ အားလုံးကသူ့အတွက်
တစိမ်းတွေ မသိတဲ့ သူတွေပဲ
ဖြစ်နေပါလိမ့်မယ်ပြီးတော့ ကားမတိုက်ခင် ခံစားခဲ့ရတဲ့
စိတ်ဖိစီးမှု့ကြောင့် စကားလည်း မပြာနိုင်ပဲ
ဖြစ်နေပါလိမ့်မယ်။

YOU ARE READING
The Thief
Fanficမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut