The Thief ( Part 6 )
(◔‿◔) (◔‿◔) (◔‿◔)
MEWရုံးခန်းထဲ ဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့
မြင်ကွင်းက Gulf ကို မျက်လုံးထဲ
ဆံပင်စူးသွားတယ်တစ်ဦးထဲမွေးချင်းမောင်နှမ မရှိတော့
Gulf ငယ်ဘဝထဲက သူများအတွက်ဆိုပြီး
တွေးပေးတတ်တာ မရှိခဲ့ .. တွေးလဲမတွေးခဲ့တစ်နည်းပြောရင် တစ်ကိုယ်ကောင်းစိတ်
နဲနဲတော့ဆန်ခဲ့တယ် .
အရွယ်ရောက်လာတော့လည်း ဒီလိုပဲ
ကိုယ့်အတွက်ပဲ အရင် ကိုယ်စဉ်းစားတယ် .Gulf သူများအတွက်ဆိုပြီး တွေးမိတာ
MEW ကပထမဆုံးသော သူပဲ ..သူ MEW အတွက်ရယ်ဆိုပြီး သေချာ
ယူလာတာ
ဒါကို တစ်ခြားတစ်ယောက်က ဒီလို
လုပ်နေတာတွေ့လိုက်ရတော့
Gulf စိတ်တိုသွားမိတယ် ." MEW ဒီ သရက်သီး ဘယ်က
ဝယ်တာလည်းကောင်းလိုက်တာကွာ ..
လုံးဝကို သဘာဝအသီး အစစ်ပဲ "သရက်သီးဗူး တစ်ဗူးလုံး ကုန်အောင်စားပြီး
Sam လှမ်းမေးလိုက်တယ် .." ခင်ဗျား စားတဲ့ အသီးက
ကျုပ် P'MEWအတွက် ယူလာပေးတာ "" အွန့် !! "
" Gulf "
ကျွဲမြီးတိုတိုနဲ့ ပြောလိုက်တဲ့ Gulf စကားကို MEW ရော Sam ပါ ပါးစပ်အဟောင်းသာ
ဖြစ်သွားကြတယ် .. ." MEW ဘယ်လို !! "
တအံ့တဩနဲ့ သူ့ကို လှည့်မေးလိုက်တဲ့
Sam ကို MEW ပြုံးပြီး ပုခုံးတွန့် လက်မြှောက်ပြလိုက်တယ်ကိုယ့်အလုပ်ရှင်ရဲ့ ဧည့်သည်ဖြစ်နေလို့
Gulf ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး
MEW အခန်းထဲ ထွက်လာပေမယ့်
သူ့နှုတ်က ထိန်းမရပဲ စကားတခွန်းတော့
ပြောဖြစ်အောင် ပြောခဲ့တော့တယ် ." ကိုလွင် ဒီမှာ "
" အော် အေး Gulf , thank you "
သူ့လက်ထဲက ဖိုင်တွဲ ကိုလွင်ကို လှမ်းပေးပြီး
Gulf ကိုယ့်စားပွဲမှာ ပြန်ထိုင်လိုက်တယ် ..Gulf မျက်နှာ ပုံစံကို ကြည့်ပြီး ကိုလွင်တောင်
ကြောင်အမ်းအမ်း ဖြစ်သွားတယ် .MEW နဲ့ ဘာများပြောလိုက်လို့ပါလိမ့် !!
MEW ကတော့ ဝန်ထမ်းတွေကို ဒီလို
အရမ်းဆူတတ်တဲ့ သူဌေးမျိုးတော့ မဟုတ် ..

YOU ARE READING
The Thief
Fanfictionမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut