The Thief ( Part 7 )
(◔‿◔) (◔‿◔) (◔‿◔)
MEW ရုံးခန်းထဲ ဝင်လာတော့ Gulf နေရာကို
သူ လှမ်းကြည့်လိုက်တယ် ..
Gulf ရဲ့ လွယ်နေကျအိတ်လေးကို
မြင်လိုက်ရတော့MEW ကျေနပ်တဲ့
အပြုံးမျိုးပြုံးလိုက်မိတယ် ..Gulf ဟာ ခေါင်းမာတယ် ပြောရဆိုးရတာ
တစ်ခါတစ်လေ လက်ပေါက်ကပ်တယ်
ဆိုပေမယ့် အလုပ်နဲ့ ပတ်သက်ရင်တော့
ဝိရိယ ကောင်းတဲ့ ကောင်လေးဆိုတာ
MEW လက်ခံမိတယ် ..မသိမသာနဲ့ ဟိုဒီကို
MEW လိုက်ကြည့်လိုက်တယ်ထမင်းစားခန်းထဲ ရိပ်ခနဲ့ Gulf အရိပ်ကို
တွေ့တာနဲ့MEW ထမင်းစားခန်းဘက်
အသာလေး ဝင်သွားလိုက်တယ် ..ခေါင်းငုံ့ပြီး ကော်ဖီတခွက်ကို
စိတ်ပါလက်ပါနဲ့ဖျော်နေတဲ့ Gulf
အနောက်နား MEW ကပ်သွားပြီး
ခါးကို လှမ်းဖက်ထားလိုက်တယ် .." ဟ ! ဟာ MEW လန့်သွားတာပဲ "
ကော်ဖီဖျော်နေရင်း Gulf မနေ့က အကြောင်း ပြန်တွေးပြီး တစ်ယောက်ထဲ
ပြုံးနေတုန်း ရုတ်တရက် လန့်သွားတယ် .."တစ်ယောက်ထဲ
ဘာတွေ တွေးနေတာလည်း "Gulf နားရွက်ဖျားလေးကို အနောက်ကနေ
MEW လှမ်း နမ်းလိုက်တယ် .." သူများတွေ မြင်လိမ့်မယ် ဘယ်လို
ဖြစ်နေတာလည်း .. "MEW ကို Gulf သူ့ပုခုံးနဲ့ တွန်းပစ်လိုက်တယ်
" ဘယ်သူမှ မရှိပါဘူးကွာ မင်းကလည်း
တွန့်တို နေလိုက်တာ "MEW ရွတ်ပြောလိုက်တဲ့ စကားကို
Gulf ရယ်လိုက်တယ် .." Gulf နောက်ရက် ထမင်းဗူး
ထည့်မလာနဲ့ကွာ
ကိုယ်နဲ့ အပြင်ထွက်စားရအောင် နော် "သူ့ကို အတင်းအကျပ် ဖက်ထားတဲ့
MEW လက်နှစ်ဘက်ကို Gulf အသာ
ကိုင်လိုက်တယ် .." အင်းပါ လွှတ်တော့
တော်ကြာ တခြားသူတွေဝင်လာတော့မယ် "" အိုကေ သွားပြီ အဆိုးလေး "
" ရွတ် 😘 "
အပြင်ပြန်ထွက်ခါနီး Gulf လည်ကုတ်ကို
MEW နမ်းဖြစ်အောင် နမ်းသွားလိုက်တယ်
YOU ARE READING
The Thief
Fiksi Penggemarမင်းက ငါ့စိတ်ဝိဉာည်တခုလုံးကို ခိုးသွားတဲ့ အဆိုးလေးပဲ MEW Suppasit ခင်ဗျား မယုံမှတော့ သဘောပဲ Gulf Kanawut