Part-5 (2)

511 62 5
                                    

--​ဆော့ဂျင် ရုတ်တရက် ဟိုဆော့ကိုလက်ကဆွဲကာ မင်ယွန်းဂီရှေ့ခေါ်သွားပြီး လည်ပင်းကိုဓားနဲ့ထောက်ထားလိုက်ပြီးလျှင် တဖက်က ရှီဂွန်းကလည်း လာရောက်ပူပေါင်းခဲ့သည်”

"ဂင်ဆော့ဂျင် မင်းဒါဘာသဘောလဲ
ကလေးတွေကိုပြန်လွှတ်ပေးစမ်း ”

"ခေါ်သွားလေ
ကင်မ်ထယ်ယောင်း ပတ်ခ်ဂျီမင်း လိုက်မသွားသေးဘဲဘာလုပ်နေကြတာလဲ သွား....”

"အကိုဂင် ကျွန်တော်ကြောက်တယ် ”

"ဘာမှမကြောက်နဲ့ ထယ်ယောင်း
ဂျောင်ကု ကလေးနှစ်ယောက်ကိုသေချာခေါ်ထား”

--ဂျီမင်းတစ်ယောက်ခမျာ ကြောက်လွန်းလို့စကားတောင်မပြောနိုင် ဂျောင်ကုလက်ထဲတွင်ဖြူဖျော့နေလေသည်...--

"ကြင်ယာတော်ကို ပြန်လွှတ်ပေးလိုက်နော် ဂင်ဆော့ဂျင် မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့...”

"ဟား ဟား ဟား
မင်းတို့ဘက်ကအရင်လက်နက်နဲ့စတိုက်ခိုက်တာလေ
တန်ကြေးအနေနဲ့ ကြင်ယာတော်ရဲ့ ခေါင်းကိုပေးအပ်ရမှာပေါ့...”

"ဘာကွ...
ငါကိုယ်တော်ကိုခြိမ်းခြောက်ရဲသလား....ကောင်းပြီလေ ကြင်ယာတော်ခေါင်းကိုမင်းယူရင် မိဖုရားခေါင်ရဲ့ခေါင်းက Dong-gulမြို့ရဲ့ အလယ်ခေါင်မှာ ချိတ်ဆွဲထားစေရမယ်...😡”

--ယွန်းဂီရဲ့ မာန်ပါပြီး ဒေါသ/စိုးရိမ်စိတ်တွေရောပါဝင်နေသော စကားသံကြောင့် ဂင်ဆော့ဂျင်အပြင်အခြားဘေးပတ်ပတ်လည်ရှိ မှူးမတ်ဗိုလ်ပါတွေပါ ကြောက်လန့်ရတဲ့အထိ ချစ်ရသူကိုထိပါးလာလျှင်မိုးပြိုသည်အထိဖြစ်စေရမည်ဟု ခြိမ်းခြောက်နေသောမင်းကြီးမင်ယွန်းဂီ၏အသံမှာ မက်ရူးတောင်တစ်ခုလုံးဖုံးလွှမ်းရစ်ပတ်ရသည်အထိဖြစ်သည်--

"မင်း.... မင်း”

--အရာရာတွင်ထက်မြတ်သေချာစေ့စပ်လှသော ဂင်ဆော့ဂျင်မှာ ဤအရာတွင်တော့မစွမ်းနိုင်ပေ။ သူ၏ညီမလေးမှာသူရဲ့အသက်/သူရဲ့ကမ္ဘာငယ်ဖြစ်တာမလို့ ညီမတော်ယူဂျင်းအားမထိခိုက်စေလိုခဲ့...
ထိုကြောင့် စိတ်ထဲတွင် မကျေနပ်သော်လည်း ညီမလေးအတွက် ကြင်ယာတော်ကိုလွှတ်ပေးခဲ့ရသည်--

Love from two different places [Completed]Where stories live. Discover now