Part-6

445 58 7
                                    

"နမ်ဂျွန်း မနက်ဖြန်နေထွက်ချိန်ရောက်တာနဲ့ ငါကိုယ်တော်နဲ့ ဟိုဆော့လေး အမဲလိုက်ပြိုင်ကြမယ်ဆိုပြီးလောင်းထားတယ် မင်းလည်းလိုက်ခဲ့ရမယ် အဲ့ဒါတစ်ခါတည်းပြင်ဆင်ထား ကြားလား...

"ဟုတ်ကဲ့ မင်းကြီး

"အခုညီလာခံအစည်းအဝေးတက်မယ်....

-----
"မင်းကြီးကြွချီလာပါပြီ....

"မင်းကြီးကိုအရိုအသေပြုပါတယ်

"ဒီနေ့ ညီလာခံအစည်းအဝေးမှာဘာတင်ပြစရာရှိလဲ..

"မှန်လှပါ မင်းကြီး

အထွေအထူးမရှိပေမဲ့ မကြာခင် ဟန်နိုင်ငံရဲ့ကုန်သွယ်ရေးသံတမန်တစ်ဦး လာရောက်ဖို့ရှိပါကြောင်းပါဖျား...

"ဘာ အကြောင်းအရင်းမရှိ ဟန်နိုင်ငံကသံတမန်ကဘာကိစ္စလည်း ဟမ်!! ကုန်သွယ်ရေးတာဝန်အရ ကုန်သွယ်ရေးဝန်ကြီး အမတ်ရှင်းက အကြောင်းစုံ ငါကိုယ်တော်ကိုလျှောက်တင်စမ်း...

"ဟုတ်ကဲ့ပါ မင်းကြီး...

"လွန်ခဲ့တဲ့ နှစ်လတုန်းက Dong-gulကနေ ဟန်နိုင်ငံကိုကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းများသွားရောက်ပို့ဆောင်ခဲ့ပါတယ်....အဲ့အချိန်မထင်မှတ်ဘဲ ကုန်အဖွဲ့တွေ လမ်းတဝက်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်...
ခန့်မှန်းခြေအရဆို ဝတ်ဆင်ထားတဲ့ ဝတ်စုံရေးရာကိုကြည့်ရင် Jim-seungတိုင်းပြည့်ကလို့ကြားသိရပါတယ် ...

"ဘာ...😡
ဂင်ဆော့ဂျင် ဂင်ဆော့ဂျင် မင်းတော်တော်လွန်နေပြီနော် စစ်သူကြီး နောက်နေ့ကစလို့ ကုန်အဖွဲ့ရဲ့လုံခြုံရေးကိုထပ်မံတိုးချဲ့ တင်းကျပ်ထားပါ "

"ဟုတ်ကဲ့ အရှင်မင်းကြီး"

"ပြီးတော့နယ်စပ်ကြားက သံတမန် ဂျွန်ကို နန်းတော်ကိုခေါ်ဆောင်ခဲ့လိုက်
ဒီနေ့ ညီလာခံအစည်းအဝေး ပြီးပြီ"
-----------------------
"အရှင်မင်းကြီး
ဟန်နိုင်ငံကကုန်သွယ်ရေးသံတမန်အနေနဲ့ရောက်ရှိနေတဲ့ သံအမတ်ဝမ်ချောင် ရောက်ရှိနေပါတယ်"

"ဝင်လာခိုင်းလိုက်"

"ကျွန်တော်မျိုး ဝမ်ချောင်
အရှင်မင်းကြီးကိုအရိုအသေပြုပါတယ်...ကျွန်တော်မျိုးလာရသည့်အကြောင်းရင်းကို အရှင်မင်းကြီးသိပြီးလောက်ပြီထင်ပါတယ်..."

Love from two different places [Completed]Donde viven las historias. Descúbrelo ahora