ဟန်နိုင်ငံ.....။
"အရှင်မင်းကြီး.....နန်းကျမိဖုရားကြွလာပါတယ်။ "
"ဝင်ခိုင်းလိုက်ပါ "
"အရှင်...."
"ဒီအထိကိုဘာကိစ္စများလည်း"
"အရှင်ဆီကို လာခဲ့တာပါ။ အရှင့်လို သြဇာအာဏာကြီးမားပြီး စွမ်းရည်သတ္တိနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဆီမှာ အရှုံးဆိုတာရှိလာလို့မဖြစ်ဘူးမလား။ ကျွန်တော်မျိုးမက အရှင့်ကိုကူညီဖို့ရောက်လာတာပါ။ "
"မိဖုရားလိုလူမျိုးက ကိုယ့်နိုင်ငံကို ကူညီရမှာမဟုတ်ဘူးလား။ "
"အရှင်....။
ကျွန်တော်မျိုးမရဲ့ ဘဝမှာအရှုံးဆိုတာမရှိခဲ့ပါဘူး။ ဒါပေမဲ့..... လူတစ်ယောက်ကြောင့်ပြောင်းလဲသွားရတဲ့ ကျွန်မရဲ့ဘဝအစားပြန်ပေးဆပ်ဖို့ အရှင့်ရဲ့သစ္စာခံအနေနဲ့ ရောက်လာတာပါ။ ""မိဖုရားကဘာလုပ်ပေးနိုင်လည်း"
"ယူဂျင်းလို့ဘဲခေါ်ပါ။
အရှင်သာခွင့်ပြုပေးရင် Dong-gulကိုတိုက်ခိုက်ဖို့ ယူဂျင်းကူညီပါ့မယ်။ ""ကောင်းပြီ ယူဂျင်း။ "
.
.
.
"မူချောင်း....အကိုတော်ဆီသွားပြီး Dong-gulကိုမကူညီဖို့ပြောပါ။ ""ဟုတ်ကဲ့ မယ်မယ်"
*သိပ်ကို တုံးအလွန်းမနေဘူးလား မင်ယွန်းဂီ။ နင်ကငါ့ကို ဖယ်ထုတ်လိုက်ပေမဲ့ ငါကနင့်ဆီကို နင့်ရဲ့သေခြင်းနဲ့အတူပြန်လာခဲ့ပြီ။ နင့်ရှေ့မှာတင် နင်ချစ်ရတဲ့ ကြင်ယာတော်ကိုငါကိုယ်တိုင်သတ်ပြမယ်။ *
.
.
.
Dong-gul....."မင်းကြီး....စစ်သည်တွေအဆင်သင့်ဖြစ်ပါပြီ။ "
"ကောင်းပြီ ထွက်ခွာမယ်။ "
"အိမ်ရှေ့စံ.....တိုင်းပြည်နဲ့ တိုင်သူပြည်သားတွေအတွက်စိတ်ချခဲ့မယ်နော်။ "
"အကောင်းဆုံးလုပ်ဆောင်ထားလိုက်ပါ့မယ်။ "
"အင်း ကောင်းပြီ သားတော်"
"လာပါဦး ခမည်းတော်ဆီ"
-ဘာလို့လည်းမသိ ဒီတစ်ခေါက်သွားတာ ပထမဆုံးနဲ့ နောက်ဆုံးလိုမျိုးစဥ်းစားနေမိသည်။ သားတော်မျက်နှာတွေ့ရတာ ဒါနောက်ဆုံးဖြစ်နိုင်သည်ဟုလည်း တွေးမိသည်။ ဒီတစ်ခေါက်သွားပြီး ငါပြန်မလာနိုင်တော့ဘူးလား။ -
.
.
"သမီး
အိမ်ရှေ့စံကိုကူညီပြီး ကျန်ခဲ့တဲ့ မြှားတပ်ဖွဲ့က ခေါင်းဆောင်ရဲ့စကားကိုလည်းနားထောင်ပြီး သမီးခမည်းတော်နဲ့နေရမယ်နော်။ "
KAMU SEDANG MEMBACA
Love from two different places [Completed]
Fiksi Penggemarချစ်တယ်တဲ့အရှင်..... နှုတ်ဆက်ခြင်းနဲ့ ခွဲခွာခြင်းကို သိရှိနားလည်အောင်လုပ်ပေးသွားတဲ့ ရင်ခွယ်ငယ်......