Part-15

182 25 0
                                    

-နမ်ဂျွန်းတစ်ယောက် မိဖုရားခေါင်ကြီး အခန်းထဲကထွက်လာသော အမတ်ပတ်ခ်ကိုကြည့်ရင်း နာကျည်းစွာကြည့်နေမိသည်။ ဟိုးအရင်အတိတ်တွေကိုပြန်စဥ်းစားရင်း ကောင်းကင်ပေါ်ကိုမော့ကြည့်နေမိသည်။ သူရဲ့ မယ်တော်နဲ့ ခမည်းတော်နောက်ကို ထယ်ယောင်းလေးလိုက်ပါသွားပြီးကတည်းက သူစိတ်တွေထိန်းမရခဲ့ဘူး။ အရင်တုန်းက သူတို့ကို မိဘမဲ့ဖြစ်အောင်လုပ်သွားခဲ့တဲ့ အမတ်ပတ်ခ်ကိုမုန်းတီးးမိသည်။-

-နမ်ဂျွန်းတို့မိဘတွေ မဆုံးခင်က နမ်ဂျွန်းအဖေက ဘဏ္ဍာရေးအမတ်တစ်ဦးဖြစ်ခဲ့သည်။ သူတို့မိသားစုလောက်အေးချမ်းတဲ့မိသားစုဆိုတာမရှိ။ အမတ်ကင်ဆိုတာကလည်း မင်းကြီးယုံကြည်ရတဲ့ အမတ်တစ်ဦးဆိုရင်လည်း မမှား။ ရိုးသား​ဖြောင့်မတ်ပြီး တည်ကြည်တဲ့လူတစ်ယောက်။ ထိုသို့လူကို မနာလိုမုန်းတီးခဲ့တဲ့ အမတ်ပတ်ခ်ကရှိသေးသည်။ နမ်ဂျွန်းအဖေက မင်မင်းကြီး(ခမည်းတော်)ရဲ့အလေးပေးမှုကို ရရှိသောကြောင့် ဖြုတ်ချချင်ကြသည်။ ထိုသို့ဖြင့် အမတ်ဂျောင် အမတ်ပတ်ခ်နှင့် အမတ်တစ်ချို့က အမတ်ကင်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ်မရှိအပြစ်ရှာကြလေသည်။ အမတ်ကင်က Dong gulကို သစ္စာဖောက်၍ ဟန်နိုင်ငံနှင့်ပူးပေါင်းပြီး မင်မင်းကြီးကိုလုပ်ကြံပါတယ်ဆိုပြီး စီကာပတ်ကုန်း လိမ်လည်ပြောဆိုကြတော့သည်။ မင်းကြီးလည်းအယုံသွင်းခံရပြီး အမတ်ကင်တို့မိသားစုကို မီးလောင်တိုက်သွင်းပြီး သတ်ဖြတ်စေခဲ့တယ်။ ကံမကောင်းချင်တော့ မိဘနှစ်ပါးလုံးမီးထဲပါသွားပြီး ညီအကိုနှစ်ယောက်ကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ညီအကိုတွေ နှစ်ပတ်လောက်အထိအစာငတ်ရေငတ်ဖြစ်လာခဲ့ပြီးမှ မင်းသားယွန်းဂီ၏ ကူညီပေးမှုနှင့်ယနေ့အထိအသက်ရှင်လာကြသည်။ ထပ်ပြီးတွေးမိတာ ထယ်ယောင်းလေး သူဖြစ်ချင်တဲ့လက်စားချေမှုကိုတောင်ပြီးအောင်မလုပ်နိုင်သွားဘူး။ ယခုလည်းနမ်ဂျွန်းက ရန်သူနှစ်ယောက်တစ်ပြိုင်တည်းတွေ့လိုက်ရသလို ဒေါသများကိုသာ မျိုသိပ်ရင်း ထိုနေရာကနေလှည့်ထွက်လာခဲ့လေသည်။-

----------------------
ရှင်းအိမ်တော်~~

"သမီး...ဂါအွန်းရေ။"

Love from two different places [Completed]Donde viven las historias. Descúbrelo ahora