5နှစ်ခန့်ကြာသော်~~~
-အိမ်ရှေ့စံလေးမှာလည်းအတော်ပင်အရွယ်ရောက်လာခဲ့လေပြီ။ အသက်ငါးနှစ်ရွယ်ကလေးဆိုလျှင်ပညာစုံသင်ပေးဖို့အချိန်ကြရောက်လေပြီ။ စာပေ နှင့် အနုပညာကိုတော့ သူ၏ခမည်းတော် ကြင်ယာတော်ဂျောင်မှသင်ကြားပေးသည်။ ကိုယ်ခံပညာနှင့် ဓားရေးကိုတော့ မင်းကြီးနှင့် စစ်သူကြီးဂင်ကိုယ်တိုင်သင်ပေးသည်။ မင်းသားလေးက လိမ္မာရေးခြားရှိသည်။ ပြောစကားနားထောင်ပြီး ရိုသေလေးစားမှုနှင့် လူတိုင်းအပေါ်ဆက်ဆံသည်။ ခမည်းတော်မင်းကြီးမှစလို့ နန်းတွင်းသူတွေ၊ ရဲမက်တွေအထိ သာမာန်လိုဆက်ဆံသည်။ နန်းတွင်းတစ်ခုလုံးတွင် မင်းသားလေးဟွန်း ကိုမချစ်တဲ့မရှိ။ မိဖုရားခေါင်ကြီးနှင့် ရှီဂွန်းမင်းသားကလွဲ၍....။ တစ်ခုသာရှိသည်။ မင်းသားလေးက အလွန်အဆော့မက်သည်။
"ဟွန်းရေ....သားလေး။"
"အိမ်ရှေ့စံမင်းသားလေး....မင်းသား။
ကျေးဇူးပြုပြီးထွက်လာပါတော့....ကြင်ယာတော်စိတ်ပူနေပြီ။ စာပေသင်ကြားရေးစတော့မယ် မင်းသား"-မင်းသားလေးရဲ့ခြွေရံတော်များမှာလည်း ဟွန်းတစ်ယောက်နှင့် အားရတယ်ကိုမရှိ။ တစ်ချက်လစ်တာနဲ့ ပျောက်ပျောက်သွားသည်။ အခုလည်းစာသင်မယ်လုပ်ရင်းအဆောင်ကနေထွက်ပြေးသွားသည်။ အပေါင်းအသင်းဆိုလို့ သခင်လေးပတ်ခ်နှင့် တပ်မှူးရှင်းဆူတို့၏ သမီးလေး ဂါအွန်းသာရှိသည်။ -
-သခင်လေးပတ်ခ်နှင့်တပ်မှူးရှင်းဆူတို့သည် အိမ်ရှေ့စံလေးမွေးပြီး နှစ်နှစ်အကြာတွင်လက်ထပ်ပေါင်းသင်းခဲ့ကြသည်။ ခမည်းတော် ဘဏ္ဍာရေးအမတ်ကြီးက သဘောမတူခဲ့တဲ့အပြင် အမွေပြတ်စွန့်လွတ်လိုက်သည်။ အိမ်ကနေထွက်လာပြီး ရှင်းဆူ၏အိမ်မှာနေကြသည်။ နောက်ပိုင်း ခရီးတိုတစ်ခုထွက်ရင်းက ကလေးငယ်လေးတစ်ဦး(ဂါအွန်း)အား စမ်းချောင်းလေးဘေးမှ ကောက်ရခဲ့သည်။ ခြင်းလေးထဲထည့်ထားပြီး ခလေးကလည်းငြိမ်နေသည်။ အသားများမှာလည်းအေးစက်နေပြီး အသက်မရှိတော့ဘူးဟူ၍ပါထင်ခဲ့ရသည်။ အိမ်သို့ပြန်လာပြီး သမားတော်နှင့် သေချာကုသပြီးမှ ကလေးကနေပြန်ကောင်းလာသည်။ အတူနေလာသည့်သံယောဇဥ်ကြောင့် ထိုကလေးအားမွေးစားဖို့ဆုံးဖြတ်လိုက်ကြသည်။ -

ESTÁS LEYENDO
Love from two different places [Completed]
Fanficချစ်တယ်တဲ့အရှင်..... နှုတ်ဆက်ခြင်းနဲ့ ခွဲခွာခြင်းကို သိရှိနားလည်အောင်လုပ်ပေးသွားတဲ့ ရင်ခွယ်ငယ်......