part-7

400 51 4
                                    

Jim seungတိုင်းပြည်....

"အရှင့်သား
မင်းကြီးက အခေါ်တော်လွှတ်လိုက်ပါတယ် ကျွန်တော်တို့နဲ့အတူ နန်းတော်ပြန်လိုက်ခဲ့ပါ။"

"ကောင်းပြီ ....
ဂျွန် ကိုယ်တော်နန်းတော်ပြန်လိုက်ဦးမယ်။
ကိုယ်တော်မရှိတုန်း ရှီဂွန်းနဲ့အတူ ဒီနေရာကိုစောင့်ကြပ်ထားပါ။ ပြီးတော့....ပြီးတော့ ထယ်ယောင်းလေးနဲ့ဂျီမင်းလေးကိုလည်း ကိုယ်တော်တွေ့ချင်တယ်။ သူတို့ကို Dong-gulကနေခဏခေါ်လာပေးလို့ရမလား။"

"ဗျာ....
ထယ်...ထယ်ယောင်းကိုဘာလုပ်ဖို့တွေ့ချင်ရတာလည်းဟင်..."

"စိတ်ချပါ ဂျွန်
ငါကိုယ်တော် ထယ်ယောင်းကိုအန္တရာယ်မပေးပါဘူး
ကိစ္စတစ်ချို့သိချင်ယုံပါ..."

"ဟုတ်...ဟုတ်ကဲ့ပါ။
အရှင့်သားကို ကျွန်တော်မျိုးအတင့်ရဲစွာတောင်းဆိုပါရစေ။ ထယ်ယောင်းနဲ့တွေ့လို့ရှိရင် ကျွန်တော်နဲ့အကြောင်းတွေကိုမမေးပါနဲ့ သူ့ကိုထက်ပြီးမခံစားစေချင်ဘူး။ ပြီးတော့ထယ်ယောင်း အန္တရာယ်ဖြစ်မဲ့ကိစ္စမျိုးကိုလည်းမပြောမိပါစေနဲ့ အရှင့်သား...။"

"အင်းပါ ဂျွန်
ငါမင်းကိုနားလည်ပါတယ် အခုထယ်ယောင်းကိုမေးမှာကလည်း နမ်ဂျွန်းကိစ္စမလို့ စိတ်မပူပါနဲ့
ငါဘယ်သူတွေကိုဘယ်လိုမုန်းမုန်း သူတို့ကိုဘယ်တော့မှထိခိုက်အောင်မလုပ်ဘူး
အထူးသဖြင့် ကြင်ယာတော်ဂျောင်...။"

--------------
"မင်းကြီး
အရှင့်သား ရောက်ရှိနေပြီဖြစ်ပါတယ် "

"ဝင်လာခိုင်းလိုက်"

"ခမည်းတော် ကျွန်တော်မျိုးအခေါ်တော်လွှတ်တာဘယ်လိုအကြောင်းကိစ္စရှိလို့ပါလဲ။"

"မင်းသားတစ်ပါးဖြစ်နေပြီး ဘယ်လောက်တောင်အသုံးမကျရတာလဲ ဆော့ဂျင်"

"ဘာကိုဆိုလိုတာလည်း ခမည်းတော်"

"မင်းDong-gulကသတင်းကိုမသိသေးဘူးလား။
ကြင်ယာ​တော်ဂျောင်ကိစ္စကိုလေ....ယောက်ျားလေးတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုပြီး ဘယ်လောက်တောင်ချီးမြှင့်လေးစားနေကြလည်းမင်းသိလား။ အဲ့ထက်ဆိုးတာက မိဖုရားခေါင်ထက် သာမန်ကြင်ယာတော်က ကိုယ်ဝန်အရင်ရတယ်ဆိုပြီး ယူဂျင်းနာမည်နဲ့ ဂုဏ်သိက္ခာကိုပါထိပါးပြောဆိုလာကြပြီ။ မင်းကိုနယ်စပ်မှာ တာဝန်ချထားတယ်ဆိုတာ ယူဂျင်းကိုစောင့်ရှောက်ဖို့နဲ့ မင်းရဲ့တောင်းဆိုမှုကြောင့်ပေးနေနေတာ။ "

Love from two different places [Completed]Donde viven las historias. Descúbrelo ahora