ခလွမ်း....
"အကိုတော်...အကိုတော် ကျွန်မကိုကယ်ပါဦး။
ယူဂျင်း...ယူဂျင်းလေ အဲ့ကိစ္စလေးနဲ့ အပြစ်ပေးတာကိုမခံချင်သေးဘူး။
အခုအဲ့ကိစ္စတွေဖြစ်ရတာ ဂျောင်ဟိုဆော့။ အဲ့ဘာမဟုတ် ကောင်ကြောင့်ဖြစ်ရတာ။ သူသာ မရှိရင်အဲ့ကိစ္စတွေအားလုံးအဆုံးသတ်သွားမှာ။အခုကိစ္စမှာ တစ်ယောက်ကိုပါ ထပ်ရှင်းပြီးသားဖြစ်သွားတာပေါ့..."မဆိုင်ဘူး ယူဂျင်း
အဲ့ကိစ္စတွေက ကြင်ယာတော်ဂျောင်နဲ့ လားလားမှမသက်ဆိုင်တဲ့ ကိစ္စဘဲ။ အားလုံးက ညီမလေးရဲ့ မျက်ရိပ်ဒေါသတွေကြောင့်ဖြစ်ရတာ။ ညီမလေးဟက အချစ်ကြီးလို့ အမျက်ကြီးနေတာဘဲ။ ယွန်းဂီက ညီမတော်အပေါ်ကို ခံစားချက်မရှိတာမဟုတ်ဘူး ယူဂျင်း။ သူ့ရဲ့ခံစားချက်တွေ/အာရုံတွေက ကြင်ယာတော့်ဆီကိုအကုန်ပေးအပ်ထားပြီးသားဖြစ်နေလို့။ ဒီအချိန်မှာ ယွန်းဂီဆီကနေ ကြင်ယာတော်ကိုခေါ်ဆောင်သွားတဲ့ ဘယ်လူ့ကိုမဆို သူသတ်ပစ်ဖို့ဝန်မလေးဘူး။ ညီမတော် အပြစ်ဘဲဝန်ခံလိုက်ပါ။ အကိုတော်....ဒါ"ရပ်လိုက်ပါတော့ အကိုတော်ရယ်။ အကိုတော်ပြောနေတဲ့စကားတွေအကုန်လုံးကို ဒီနေ့ဒီနေရာ မှာဘဲရပ်လိုက်ပါတော့...ယူဂျင်း ထပ်ပြီး မကြားချင်တော့ဘူး။ကူညီမယ်လို့ထင်ထားတဲ့ အကိုတော်ကပါ အခုအပြစ်ဝန်ခံခိုင်းနေတာလား။ လုံးဝဘဲ ယူဂျင်းအဆုံးအထိသွားမှာ။
"ပြောမရပါလား ယူဂျင်းရယ်။
-ဆော့ဂျင်စိတ်ညစ်ညစ်နှင့်ပင် နန်းဆောင်ထဲမှပြန်ထွက်လာလိုက်သည်။ အမှတ်မထင် ကြင်ယာတော်ဆီသွားမယ်အလုပ် စစ်သူကြီးနမ်ဂျွန်းနှင့် တံတားပေါ်၌မျက်နှာချင်းဆိုင် တွေ့ကြသည်နှင့် ရှောင်ထွက်လာပါသော်လည်း....
"မင်းသား ကိုဂါ...ရ...ဝ...ပြု...ပါ...တယ်။
"အေး။ စစ်သူကြီးရော အဆင်ပြေရဲ့လား။ ညီတော်လေး နေမကောင်းဘူးကြားတယ်။ အခုတောင် သွားမလားလို့။
"မလိုပါဘူး မင်သား။ ထယ်ယောင်းအခြေအနေနဲ့ဘယ်သူ့ကိုမှယုံလို့မရလို့ပါ။ ထယ်ယောင်းက ကြင်ယာတော်ကိုအဆိပ်ခတ်တဲ့ခွက်ကို ရိပ်မိပြီး သောက်ခဲ့မိတာ။ ကြားတာက အဲ့ဆေးရည်ကို မိဖုရားခေါင်ကြီးက ယူလာခဲ့တာလို့ပြောနေကြတာ။ သတင်းမှန်မမှန်ဆိုတာကို စုံစမ်းနေတုန်းပါဘဲ။

DU LIEST GERADE
Love from two different places [Completed]
Fanfictionချစ်တယ်တဲ့အရှင်..... နှုတ်ဆက်ခြင်းနဲ့ ခွဲခွာခြင်းကို သိရှိနားလည်အောင်လုပ်ပေးသွားတဲ့ ရင်ခွယ်ငယ်......