🎄_8

550 89 47
                                    

Zawgyi

" ကောရဲ့ ချည်လုံးတွေ မရှိတော့ဘူးရိပေါ် .. "

" ကျွန်တော် အခုပဲ သွားဝယ်ပေးမယ် .. ဒါမှမဟုတ် အတူသွားဝယ်ကြမလား .. "

" အင်း .. ရိပေါ်လေး အဆင်ပြေရင် .. "

" .. ဒေါက် ဒေါက် "

" ... "


သူ့ရဲ့ တံခါးခေါက်သံလို အသံပြုရေရွတ်မှုမှာ .. လောင်ဝမ်ရော အဲ့ဒီ့ကောင်ရော အခန်းတံခါးပေါက်ဆီ ခေါင်းငဲ့ကြည့်ပြီး ချက်ချင်းပါးစပ်ပိတ်သွားကြတယ် .. ။

အမ်း .. အခန်းထဲဆီ ဘာမှမဖြစ်သလို လှမ်းဝင်သွားလိုက်ပြီး အငွေ့တထောင်းထောင်းထနေဆဲ ဆန်ပြုတ်ပန်းကန်လုံးကို စားပွဲပေါ် တင်ပေးလိုက်တယ် .. ။


" ငါးဆန်ပြုတ် .. ပူတုန်းသောက်လိုက် .. "

" ကျေးဇူး .. "

" မလိုဘူး ..
အိမ်ရှင်ဖြစ်တဲ့ငါက ဧည့်သည်မင်းအပေါ် ဝတ္တရားကျေချင်ရုံပဲ .. "

သူ့ရဲ့ ခပ်ပြုံးပြုံးအပြောမှာ အဲ့ဒီ့ကောင်က မသိမသာ မျက်နှာမဲ့တယ် .. ။

နောက် .. လောင်ဝမ့်အကူအညီနဲ့ အိပ်ရာထဲက ကိုယ်တစ်ပိုင်းထလိုက်ရင်းလဲ ဆိုပါတယ် .. ။

" မင်းအရင်သောက်ပြ .. "

" ဟားဟား .. ဆိုတော့ ငါ့ကို မယုံဘူးပေါ့လေ .. "

" အင်း .. ရယ်စရာပါလား .. "

" မပါပါဘူး .. ဒါမဲ့ ငါက မင်းယုံကြည်မှုရအောင် တကူးတကသောက်ပြပေးမယ်လို့ ထင်နေရင်တော့ မှားမယ် .. ‌လောင်ဝမ့်ကို မီးဖိုချောင်ဝင်ခိုင်းနေမှာစိုးလို့ သောက်ပြပေးရုံပဲ .. "


ပြောပြီးတာနဲ့ သုံးလေးဇွန်းလောက်အထိ ဆက်တိုက်သောက်ပြပေးလိုက်တယ် .. ။

လောင်ဝမ်က ဒီလောက် အဲ့ဒီ့ကောင်အနား ကပ်နေတာ .. ။ ချက်ချင်းအလျင်စလိုနဲ့ အဆိပ်ခတ်ပစ်လိုက်ဖို့အထိတော့ သူက ဘယ်ရူးပါ့မလဲ .. ။ ဒီအတိုင်း ဖြည်းဖြည်းချင်း အချိန်ယူပြီး .. တဆင့်ချင်းစီပေါ့ .. ။


" ကော .. ကျွန်တော် လုပ်ပေးမယ် .. "

" အင်း .. အဲ့လိုက ပိုကောင်းမလား .. "

𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Where stories live. Discover now