🎄_13

550 87 50
                                    

Unicode

ဝေလီဝေလီမနက်ခင်းဟာ နှင်းမှုန်ကျဲတဲ တဖွဲဖွဲနဲ့ .. ။

ဟိုးဝေးဝေးဆီက ရောင်နီပျပျကို‌ အပြည့်အ‌ဝငေးကြည့်နိုင်ဖို့ ပြတင်းတံခါးကို တွန်းဖွင့်လိုက်တယ် .. ။ စေ့ပိတ်ထားတဲ့ တံခါးနှစ်ချပ်ကြား .. နှင်းမှုန်ထုတွေ ကြပ်သိပ်နေတာမို့ အတော်လေး အားယူတွန်းရတာပဲ .. ။

ကျွိခနဲပွင့်သွားတာနဲ့တပြိုင်နက် မနက်ခင်းလေအေးတွေ သူ့မျက်နှာဆီ အညှာအတာကင်းကင်း ဖြတ်တိုက်သွားတယ် .. ။ ပါးပြင်တွေ ကြိမ်းစပ်သွားရုံမက ‌ကျောထဲအထိပါ စိမ့်ခနဲဖြစ်သွားရတယ် .. ။ အသားကျနေပြီသားပေမယ့် .. အလက်စကာဒေသရဲ့ ရာသီဥတုက သိပ်ကိုကြမ်းတမ်းလွန်းကြောင်းတော့ အသိအမှတ်ပြုရမှာပါပဲ .. ။

တဖြည်းဖြည်းချင်း လိမ္မော်နီရောင် ပီပီသသယှက်သမ်းလာတဲ့ ရောင်နီကိုငေးကြည့်ရင်း .. အသက်ရှူနှုန်းတွေက တိုးတိမ်ဖျော့တော့တယ် .. ။ ဆိုတော့မှ .. ညက အတော်လေးညနက်မှ အိပ်ပျော်သွားခဲ့တာတောင် ဒီမနက်ကို အစောကြီးလာနိုးနေတာပဲ .. ။ တောင်မြောက်အစီအစဉ်မကျ အတွေးပေါင်းစုံရဲ့ဒဏ်နဲ့ ခေါင်းတစ်ခြမ်းလုံး နာကျင်ကိုက်ခဲနေရင်းလေ .. ။

အင်း .. ။
ရင်ဘတ်ထဲကတော့ သိပ်မနာတော့သလိုပါပဲ .. ။ ထုံထုံထိုင်းထိုင်းခံစားချက်ကြီး ရပေမယ့် .. အောင့်မျက်နာကျင်နေတာထက်စာရင်တော့ တော်သေးတယ်ပဲဆိုရမယ် .. ။


“ မင်းကို တည်တည်ငြိမ်ငြိမ်ပဲ လက်လွှတ်ပေးနိုင်တော့မယ်ထင်ပါရဲ့ ရိပေါ် .. ဒဏ်ရာတွေက အကျတ်မမြန်လွန်းဘူးလား .. ဖန်လာသမျှတိုင်းအပေါ် လွယ်လွယ်လေး လက်သင့်ခံပေးနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းလိုက်တာ .. ”

တစ်ကိုယ်တည်းရေရွတ်ရင်း မနက်ခင်းရဲ့ဆောင်းလေအေးတွေကို တဝကြီးရှူသွင်းပစ်လိုက်တယ် .. ။ နောက် .. ရှည်လျားလွန်တဲ့ သက်ပြင်းမောအဖြစ် ပြန်ပြီးရှိုက်ထုတ်ပစ်တယ် .. ။

ဘာကို ဖူးစာလဲ .. ။
ဘာကိုများ အချိန်က အဆုံးအဖြတ်ပေး သက်သေပြနိုင်မှာမို့လို့လဲ .. ။

ဘယ်လောက်ပဲ အချိန်တွေအကြာကြီး တွဲထားခဲ့ပါစေ .. ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ လွယ်လင့်တကူဖြုတ်ချလိုက်နိုင်ပါရဲ့နဲ့ .. ။ နေရာတင်ရပ်ကျန်ခဲ့ဖို့ .. သို့တည်းမဟုတ် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ .. ရွေးချယ်စရာတွေ အများကြီးရှိပါရဲ့ ဘာအတွက်များ ကပ်တွယ်ဆွဲထားနေနိုင်ဦးမလဲ .. ။

𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Donde viven las historias. Descúbrelo ahora