Unicode
" ကျန့်ကော .. ကျွန်တော် ဘယ်လိုလုပ်သင့်လဲ .. "
ရိပေါ်က သူ့ကို စိုးရိမ်တကြီးမေးလာရင်း လက်ဖဝါးနှစ်ဖက်ကိုလဲ အချင်းချင်းဆုပ်နယ်လို့ .. ။
လွန်ကဲတဲ့ အအေးဒဏ်ကြောင့် .. စကားတစ်ခွန်းဟလိုက်ချိန်တိုင်းမှာလဲ အာငွေ့တထောင်းထောင်းထလို့ .. ။
ညလေအေးအဝှေ့မှာ တဖွဲဖွဲကျနေတဲ့ နှင်းမှုန်စတွေကြောင့် .. မာဖလာနီနီဟာလဲ အရောင်အဆင်းမပီပြင်တော့ဘဲ ဖွေးဖွေးလှုပ်နေခဲ့ပြီ .. ။ ခြေအိတ်ထူထူဟာလဲ နှင်းဒဏ်နဲ့ စိုထိုင်းလုလုရှိနေခဲ့ပြီ .. ။ သားမွှေးထည်ထူထူနဲ့ နှင်းကာဖိနပ်ဆိုတာလဲ ဟိုးအတွင်းပိုင်းထဲအထိကို နှင်းမှုန်တွေနဲ့ ပြည့်နေခဲ့တာပဲ .. ။
ဆိုတော့ .. သူတို့ အိမ်ထဲဝင်သင့်နေတာ ကြာလှပြီ .. ။ အခုထက်ပိုပြီး နည်းနည်းလောက်လေးပဲ .. နာရီပိုင်းမဟုတ်တဲ့ မိနစ်နည်းနည်းလောက်လေးပဲ ဆက်နေမိရင်တောင် သွေးတွေအေးခဲပြီး နှင်းပန်းပုရုပ်ဖြစ်သွားမှာ သေချာတယ် .. ။
အင်း .. ။ ဒါလဲ အဆိုးချည်းတော့ မဟုတ်ပါဘူး .. ။ အကောင်းဘက်က လှည့်တွေးရင် .. အိမ်အပြင်ဘက်ဆီက အထီးကျန်နှင်းလူရုပ်ငယ် တစ်ကိုယ်တည်း အဖော်မမဲ့ရတော့ဘူးပေါ့ .. ။ ဟုတ်လား .. ။
" အရမ်းကြီးမစိုးရိမ်နဲ့ .. ကောက ကူပြောပေးမယ် .. "
" ကောကူပြောပေးလို့ အဆင်ပြေသွားရင်တောင် သိသွားတာတော့ သိသွားတာပဲလေဗျာ .. ကျွန်တော်က .. "
" တစ်သက်လုံး ဖုံးကွယ်ထားချင်တာမလား .. "
သူ့ရဲ့ အဖြေပါနေပြီးသားမေးခွန်းမှာ ရိပေါ်က မသိမသာ သက်ပြင်းရှိုက်တယ် .. ။
နီရဲတွတ်နေတဲ့ နှာဖျားလုံးလုံးလေးဆီ အသာဆွဲလိမ်လိုက်ရင်း သူကပဲ စကားဆက်ပါတယ် .. ။
" ခုနှစ်နှစ်တောင် ကြာခဲ့ပြီလေရိပေါ် .. ဒီအချိန်က ကောတို့ အကုန်လုံးကို အသိပေးပြီး တရားဝင်တွဲကြဖို့ လုံလောက်ပြီမထင်ဘူးလား .. "
VOUS LISEZ
𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」
FanfictionLosing someone does not mean losing everything but ~