🎄_4

897 118 27
                                    

Unicode


“ လောင်ဝမ် .. မင်းထွက်သွားလို့မဖြစ်ဘူး .. ငါ့ကို တစ်ယောက်တည်းထားခဲ့လို့ တကယ်မဖြစ်ဘူး .. ”

“ ... ”


မနက်ဝေလီဝေလင်းအချိန်ကြီး သူ့ကို အတင်းလှုပ်နှိုးပြီး အလန့်တကြားပြောလာတဲ့စကားက ဤသို့ပါတဲ့ .. ။

ညက သန်းခေါင်ကျော်မှ အိပ်ရာဝင်ဖြစ်တာမို့ အခုမှ အိပ်ပျော်ရုံလေးရှိသေးတယ် .. ။ အခုလို အတင်းလှုပ်နှိုးပြီး အရေးမပါတာတွေဆိုလာတော့ သူက တကယ်လဲ စိတ်ဆိုးချင်တာပဲ .. ။

ဆိုပေမယ့်လဲ စိတ်လျှော့ပြီး သူ့ရှေ့မှာ ထိတ်လန့်တုန်ရီနေတဲ့ကောကို ပွေ့ဖက်ထားပေးဖို့ ပြင်ရတယ် .. ။ ကောရဲ့ ခန္ဓာကိုယ်ငယ်လေးက တဆက်ဆက်တုန်ရီနေခဲ့ပြီး ခြေဖျားလက်ဖျားတွေဟာလဲ ရေခဲစိုင်လို အေးစက်လို့ .. ။ နီးကပ်လွန်းနေတဲ့ ဒီအခြေအနေမှာ အခုန်မြန်လွန်းနေတဲ့ နှလုံးခုန်သံနဲ့ ပုံမှန်မဟုတ်တဲ့ အသက်ရှူနှုန်းကိုလဲ ခံစားမိတယ် .. ။ ဒါတင်မက .. သူ့ပုခုံးစွန်းတွေကို တင်းတင်းဆုပ်ကိုင်လို့ သူ့လည်ဂုတ်ထက် မျက်နှာအပ်ရင်း တသိမ့်သိမ့်ရှိုက်ငင်နေတာမို့ စွတ်စိုလာတဲ့ မျက်ရည်စတွေရဲ့ ပူနွေးနွေးအထိအတွေ့ကိုလဲ သူက သိနိုင်ပါရဲ့ .. ။

ကောက ကြောက်နေတယ် .. ။
သူထွက်သွားမှာကို ကောက တကယ်ကြီး ကြောက်ရွံ့နေခဲ့ပါတယ် .. ။


“ ငါ့ကြောင့် အိပ်ရေးပျက်သွားပြီလား .. ”

“ မဟုတ်ရင် တခြားရှိသေးလို့လား .. ”

“ အာ .. ဒီနေ့ မနက်စာကို ငါပြင်လိုက်မယ် .. အိမ်သန့်ရှင်းရေးလဲ ငါပဲလုပ်မယ် .. မင်း ပြန်အိပ်လိုက် .. ”

“ ကောက တကယ့်အရူးလေးပဲ .. အခုကျ ကျွန်တော်ထွက်သွားမှာ မစိုးရိမ်တော့ဘူးပေါ့ .. ”

“ အင်း .. အစိုးရိမ်များတာ မကောင်းဘူး .. ငါလဲ ပင်ပန်းတယ် .. မင်းလဲ အနှောင့်အယှက်ဖြစ်ရတယ် .. ငါ သိပါတယ် .. လောင်ဝမ် မင်း ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီး ထွက်မသွားဘူးလို့လဲ ယုံကြည်တယ် .. ”

𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Tempat cerita menjadi hidup. Temukan sekarang