Unicode
“ ငါမသိဘူး လောင်ဝမ် ..
မိဘမဲ့ဂေဟာ မီးလောင်တာ ငါနဲ့ဘာဆိုင်တာမှတ်လို့လေ .. လောင်ဝမ် သိပ်ကိုမှစိတ်ဝင်စားနေရင်တော့ ငါ့အသိအမှုစစ်ကို မေးပေးမယ် .. ”“ တော်တော့ .. ”
“ ဟော .. စိတ်ကြီးလိုက်တာ .. ”
“ ထွက်သွားပေး .. ”
“ ဘာလို့ထွက်သွားပေးရမှာ .. လောင်ဝမ်တစ်ယောက်တည်း လူနာစောင့်လုပ်ရင် ပင်ပန်းမှာပေါ့ .. ငါလဲ ကူညီပေးမယ်လေ .. နော် .. ”
“ ရှောင်းကျန့် .. ခင်ဗျား အခုထွက်သွားပေး .. ”
သူ့ရဲ့ ဒေါသတကြီးအော်ဟစ်သံက လူနာခန်းကျဉ်းကျဉ်းလေးထဲ တော်တော်စူးစူးနဲ့ .. ။
စိတ်ထင်တာလား မသေချာပေမယ့် .. ကုတင်ငယ်ထက်က မေ့ဆေးမပြယ်သေးတဲ့ အားချင်တောင် တွန့်ခနဲဖြစ်သွားသလိုပဲ .. ။
“ ဟုတ်ပြီ ဟုတ်ပြီ ..
ထွက်သွားပေးမှာမို့ အရမ်းမအော်နဲ့ .. မင်းလည်ချောင်းတွေ နာကုန်ရင် ငါက ရင်ကျိုးရမယ် .. ”ပုခုံးစွန်းတစ်ဖက်ဆီ ဖွဖွလှမ်းပုတ်ဖို့ပြင်ပေမယ့် .. သူရဲ့ မလိုလားဟန် တစ်ဖက်ဆီစောင်းလှည့်လိုက်မှုမှာ လက်ပြန်ရုတ်တယ် .. ။
နောက် .. လူနာခန်းထဲက ဖြည်းဖြည်းလေး ထထွက်သွားပေးပါတယ် .. ။
“ အားချင်း .. တောင်းပန်ပါတယ် .. ကောကောကြောင့် .. ကောကောကြောင့် ဖြစ်ရတာ .. ကောကောက ပိုပြီး သတိထားခဲ့သင့်တာ .. အခုတော့ .. . ”
“ ... ”
မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေဆဲအားချင်းကတော့ သူ့ရဲ့တောင်းပန်ခြင်းကို လက်ခံတယ်လဲ မပြောသလို .. ပြစ်တင်စကားလဲ မဆိုဘူးပေါ့ .. ။ ပြီးတော့ သူကလဲ ခွင့်လွှတ်ပေးဖို့အထိ မတောင်းဆိုချင်ပါဘူး .. ။ ဒီအတိုင်း .. သူ့ရဲ့ ပေါ့လျော့မိတဲ့အမှားအတွက် အခါခါတောင်းပန်ချင်ရုံ .. ။ ကောရဲ့ ရက်စက်မှုအတွက် ကိုယ်စားတောင်းပန်ပေးချင်ရုံ .. ။
မျက်နှာချင်းမဆိုင်ဝံ့လို့ ငုံ့ချထားတဲ့ခေါင်းကို ကြိုးစားတည့်မတ်လိုက်တယ် .. ။
YOU ARE READING
𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」
FanfictionLosing someone does not mean losing everything but ~