🎄_12

487 83 60
                                    

Unicode














“ ကော .. မနက်စာ စားရအောင်လေ ..
နောက်ကျနေပြီ .. ထတော့ .. ”

“ ... ”

ကုတင်ဘေးဆီ ဝင်ထိုင်လာပြီး ရိပေါ်က အိပ်ယာသိမ်းဖို့ပြင်တယ် .. ။

ရိပေါ်လက်ထဲကစောင်ကို ပြန်ဆွဲယူလိုက်ပြီး သူကတော့ .. တစ်ဖက်လှည့်အိပ်နေဖို့ပဲ ရွေးချယ်ပါတယ် .. ။


“ ဆက်အိပ်နေရင် ခေါင်းမူးလိမ့်မယ်လေ ကောရာ .. ”

“ နေပါစေ .. မစားတော့ဘူး .. ”

“ နေလို့ မရပါဘူး .. မနက်စာက အရေးအကြီးဆုံးပဲကို .. မထရင် ကလိထိုးပြီးနှိုးမှာနော် .. ”

“ ကော မစားနိုင်လောက်ဘူးထင်တယ် .. ”

“ သိတယ် သိတယ် .. ဒါကြောင့်လဲ ကောအတွက် အထူးတလည်ဆန်ပြုတ်လေး ကျွန်တော်ကိုယ်တိုင် ပြင်ပေးထားပါတယ်ဗျ .. ”

ရိပေါ်ရဲ့ ကြည်ကြည်သာသာအပြောမှာ မျက်ဝန်းအိမ်ထဲ ငွေ့ရည်ကြည်တစ်ထပ် ဝေ့လည်တယ် .. ။

မနေ့ညရဲ့ စကားများရန်ဖြစ်ခဲ့ခြင်းကို မရှိခဲ့သလို ကျော်သွားချင်တာမှန်ပေမယ့် .. ဒီအတိုင်းကျော်သွားလိုက်ဖို့တော့လဲ သူ့အတွက် ခက်ခဲနေခဲ့ပါတယ် .. ။


“ နာတယ် ရိပေါ် .. ”

“ မနက်စာစားပြီးတာနဲ့ ဆေးရုံတစ်ခါတည်း သွားကြမလား .. ဒါမှမဟုတ် ဆေးရုံအရင်သွားပြီးမှ .. . ”

“ ရင်ထဲက .. ”

“ ... ”

သူ့ရဲ့ စကားဖြတ်ပြောခြင်းမှာ ရိပေါ်က သက်ပြင်းတစ်ချက်ရှိုက်တယ် .. ။

၁ စက္ကန့် .. ။
၅ စက္ကန့် .. ။

၇ မိနစ် .. ။
၃၅ မိနစ် .. ။

ဆက်ပြီး ငြိမ်နေရင် .. ငြိမ်နေတဲ့အတိုင်း အချိန်တွေ ထပ်ကုန်သွားတာပဲ ရှိလိမ့်မယ် .. ။

အခုချိန်ထိ နှစ်သိမ့်စရာစကားလုံး ရှာမရနိုင်သေးတဲ့ရိပေါ်လဲ သူ့ကြောင့် ပင်ပန်းရတာပဲပိုလိမ့်မယ် .. ။

အလိုက်တသိ အိပ်ရာကထလို့ .. ဒီလို နေရခက်တဲ့အခြေအနေကို ဖျက်ဆီးလိုက်ဖို့ပဲ ရွေးချယ်ရပါတယ် .. ။


𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Tempat cerita menjadi hidup. Temukan sekarang