🎄_15.2 「 finale 」

1.6K 104 88
                                    


Unicode


ညဦးပိုင်းအချိန်ပဲ ရှိသေးပေမယ့် .. အမှောင်ထုကတော့
တစ်လောကလုံးကို ဝါးမျိုကြီးစိုးခဲ့ပြီပဲ ဖြစ်တယ် .. ။

ထူထပ်ပိန်းပိတ်အောင် ကျဆင်းနေတဲ့ နှင်းမှုန်စငယ်တွေလဲ .. မှန်ပြတင်းဆီ တဖွဲဖွဲ ခိုတွယ်ကပ်ငြိကြတယ် .. ။

သုံးနာညီတြိဂံလို ထောင့်သုံးထောင့်မှာနေရာယူပြီး မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့တိုင် .. တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ကြဘဲ ခေါင်းငုံ့ချလို့ တိတ်ဆိတ်နေတဲ့ လူသုံးယောက်ရှိတယ် .. ။

မီးလင်းဖိုထဲက ထင်းချောင်းတွေရဲ့ တဖျစ်ဖျစ်လောင်ကျွမ်းသံနဲ့အတူ ကိုယ်စီနှလုံးသားတွေလဲ ပူပြင်းလောင်မြိုက်နေခဲ့ကြပါတယ် .. ။


" လောင်ဝမ် .. ငါတို့သုံးယောက်ထဲမှာ တစ်ယောက်ကတော့ သေချာပေါက်ပျောက်ကွယ်သွားမှဖြစ်မှာ .. ဒါမှမဟုတ် နှစ်ယောက်လဲ ဖြစ်နိုင်တယ် .. ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို လက်မလွှတ်နိုင်ဘူး .. ဘယ်လိုနည်းနဲ့မှ လက်လွှတ်မပေးနိုင်ဘူး .. "

တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး ပထမဆုံး စကားစလာသူက ဒီဘက်ကမ္ဘာရဲ့ရှောင်းကျန့်ရယ် .. ။

ဝမ်ရိပေါ်ကတော့ ခေါင်းငုံ့ချထားရင်းကနေပဲ ခပ်တိုးတိုး အဖြေစကားကိုပြုတယ် .. ။

“ ကျွန်တော် .. သိပါတယ် .. ”

“ သိရင် ဆုံးဖြတ်လေ ..
အဲ့ဒီ့ကောင်ကို သူသိပ်နေချင်တဲ့ တစ်ဖက်ကမ္ဘာဆီ အမြန်ဆုံးပြန်ပို့လိုက်တာပဲဖြစ်ဖြစ် .. သူ့သဘောနဲ့သူ ပျောက်ကွယ်သွားမှာကို လျစ်လျူရှုလိုက်တာပဲဖြစ်ဖြစ် .. ”

“ ကောအတွက် ထည့်မတွက်နဲ့ရိပေါ် .. မင်းဆန္ဒအတိုင်းပဲ ဆုံးဖြတ် .. ဘယ်သူ့ကိုပဲ ရွေးချယ်ပါစေ .. ရိပေါ်  မင်းရဲ့ဆန္ဒအမှန်သာဆိုရင် ကောက လက်ခံပေးမယ် .. မဟုတ်ဘဲ ကောရဲ့အပြစ်ကြွေးကြောင့်ဆိုရင်တော့ မင်းကိုယ်မင်း စတေးခံစရာ ဘာအကြောင်းမှမရှိဘူး .. ”

“ ... ”


ကောတို့နှစ်ယောက်ရဲ့ ရှည်လျားပြည့်စုံတဲ့ စကားလုံးတွေက .. သူ့ကို ဘယ်လိုပြန်ဖြေရှင်းရမှန်းမသိအောင် လုံးဝဆွံ့အစေတယ် .. ။

𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Donde viven las historias. Descúbrelo ahora