Unicode
ဒီနေ့နဲ့ဆို ဆယ်ရက်တိတိရှိပြီ .. ။
နယ်မြေရဲဆီက အကူအညီ ယူထားတဲ့တိုင် ရှောင်းကျန့်ကိုတော့ဖြင့် အစအနလေးတောင် ရှာမတွေ့နိုင်သေးဘူး .. ။
အလက်စကာဒေသရဲ့ တောအုပ်တွေအတွင်းတင်မက .. နှင်းရှင်းလင်းရေးဆောင်ရွက်ကြတဲ့ ရှေ့ဂေါ်တပ်ကားတွေရဲ့ လုပ်အားနဲ့ နှင်းလွှာထုအောက် နစ်မြုပ်သေဆုံးသွားလေသလား ဆိုတဲ့အထိပါ .. ။ အကောင်းဆုံး မျှော်လင့်ချက်ကနေ အဆိုးဆုံးသော ပြင်ဆင်ထားခြင်းတွေအထိ .. ဟိုးအဆုံးအစွန်အထိ .. ။ တက်နိုင်သမျှရဲ့ အစွမ်းကုန် ကြိုးစားရှာဖွေပြီးတဲ့အထိ .. ။
ရှောင်းကျန့်ရဲ့ အရိပ်အယောင်ရော .. သတင်းအစအနလေးပါ ရမလာနိုင်ခဲ့ဘူး .. ။
အကုန်လုံးက ဖွင့်ဟမပြောကြတဲ့တိုင် .. ကိုယ်စီအသိစိတ်အတွင်းမှာတော့ လက်လျှော့ချင်နေကြပြီ .. ။ ဒါမှမဟုတ် .. လက်လျှော့လိုက်သင့်ပြီလို့ ယူဆနေကြပြီ .. ။
အကြောင်းရင်းမှန်ကိုသိနေတဲ့ သူ့တစ်ယောက်ကလွဲရင် .. အကုန်လုံး အကုန်လုံးက လက်လျှော့လိုက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ .. ။
_
_
“ ရှောင်းကျန့်က မောင်လေးကိုရှာဖို့ ထွက်သွားတာ .. ချွန်းဟွာ တကယ်မညာဘူး .. မာမားတို့က ဘာလို့ မယုံနိုင်ကြရတာလဲ .. ”
“ ... ”
သူ့ရဲ့ အော်ဟစ်ဖြေရှင်းသံက .. အပြင်ဘက်ကနေ လော့ခ်ချထားတဲ့ အခန်းတံခါးကိုတော့ သေချာပေါက်မကျော်လွန်နိုင်ဘူးပေါ့ .. ။
အကယ်၍ အသံလုံအခန်းမဟုတ်ခဲ့ဘဲ သူ့အော်သံကို မာမားတို့ ကြားနိုင်ခဲ့ရင်လဲ .. လျစ်လျူရှုမြဲအတိုင်းတော့ လျစ်လျူရှုနေဦးမှာပါပဲ .. ။
ဟိုးအရင် ရှေ့ရက်တွေတုန်းကအတိုင်းလေ .. ။
သူ့မောင်လေး ဝမ်ရိပေါ် ပျောက်ဆုံးသွားခဲ့တဲ့ ဟိုးအရင် ရှေ့ရက်တွေတုန်းကအတိုင်း .. ။
“ တံခါးဖွင့် .. တံခါးဖွင့်လို့ ..
မောင်လေးကို ရှာရမယ် .. ရှောင်းကျန့်ကိုရှာရမယ် .. နှစ်ယောက်လုံး အတူတူရှိနေမှာ သေချာတယ် .. မား .. ချွန်းဟွာကို တံခါးဖွင့်ပေးပါ .. ဒီအခန်းထဲက ထွက်ခွင့်ပေးပါ .. မား .. . ”
BẠN ĐANG ĐỌC
𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」
FanfictionLosing someone does not mean losing everything but ~