[ Zawgyi ]
"ဘာလဲ ! နင်ကနောက်တစ်ယောက်တွေ့သွားလို့လား ဒါမှမဟုတ် ငါ့ကိုငြီးငွေ့သွားလို့လား"
အလင်းရောင်မှိန်ပျပျရှိနေတဲ့အခန်းထဲမှာ အချေအတင်ဖြစ်နေတဲ့ လူနှစ်ယောက်ရှိတယ်။ပိုက်ဆံအိတ်ကိုခပ်တင်းတင်းဆုပ်ကိုင်ပြီး တစ်ဖက်ယောက်ျားလေးရဲ့ ရင်ဘတ်ကို ထုရိုက်နေတဲ့မိန်းကလေးဟာ အတော်ပင် ဒေါသထွက်နေပုံပဲ။ထုရိုက်ခံနေရတဲ့ ယောက်ျားလေးရဲ့မျက်နှာဟာ မျက်နှာသေနှင့်သာ။
"မင်း ရိုက်လို့ ဝသွားရင် ပြန်လို့ရပြီ"
ခပ်အေးအေးထွက်လာတဲ့စကားတစ်ခွန်းဟာမည်သူ့ကိုမှဂရုမစိုက်သည့်ဟန်။
"ကုန်းကျွင်း !! နင်ငါမေးတာဖြေလေ"
"ရှောင်ချင်း ငါမင်းနဲ့ စတွဲထဲက ငါ့အကြောင်းတွေပြောပြပြီးသားနော်၊ မင်းဘက်က လက်ခံလို့ ငါတွဲခဲ့တာ၊အခုမှအာရုံလာမစားနဲ့"
"ငါသိတယ် ! ငါသိတယ်! ငါက နင်ငါ့ကိုချစ်လာမယ်လို့အထင်နဲ့လက်ခံခဲ့တာလေ"
"ငါဘယ်သူ့ကိုမှ မချစ်ဘူး ရှောင်ချင်း"
ထိုစကားအဆုံးမှာ မိန်းကလေးက သူမ မျက်ရည်တွေအားသုတ်လိုက်ပြီး ရဲတင်းနေတဲ့အကြည့်စူးစူးတွေနဲ့ အရှေ့ကလူကိုပြန်ပြောလိုက်တယ်။
"ကောင်းပြီ..၊ နင်ပြောသလို ဘယ်သူ့ကိုမှမချစ်မိစေနဲ့ပေါ့..တစ်ချိန် နင် တစ်စုံတစ်ယောက်ကိုချစ်မိသွားတဲ့အချိန်ကြရင် ငါကိုယ်တိုင်နင့်ကို လာပြီးဟားတိုက်ပြမယ်"
မိန်းကလေးဟာ ကုန်းကျွင်းကိုတွန်းထုတ်ပြီး ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။ကုန်းကျွင်း ပုံစံကတော့ အခုထိမထိမဲ့မြင်ပုံစံဖြင့်သာ။အစောပိုင်းက ရှောင်ချင်းပြောခဲ့တဲ့ စကားတွေကိုလည်း အာရုံမလာသည့်ပုံ။ဆေးလိပ်တစ်လိပ်ကိုမီးညှိပြီး ခပ်ပြင်းပြင်းဖွာနေလိုက်တယ်။
ဒါမျိုးက ကုန်းကျွင်းအတွက် အသားကျနေပြီ။အရင်မိန်းကလေးတွေတုန်းကလည်း မတွဲခင် သူသာ ငြီးငွေ့သွားရင် ဖြတ်မှာလို့ ပြောခဲ့ပြီးသား၊မတွဲခင် လက်ခံပြီး သူနဲ့ပျော်ပါးခဲ့ပေမယ့် သူ စိတ်ကုန်လို့ မောင်းထုတ်တဲ့အခါကြတော့ ဒီလိုပဲ ကျိန်ဆဲပြီးထွက်သွားကြတာချည်းပဲ။ထိုကျိန်ဆဲမှုတွေကို ဂရုမပြုခင်မှာပဲ သူဟာ နောက်ထပ်မိန်းကလေးတစ်ယောက်ကိုထပ်တွဲနေပြီ။