Part - 6

290 65 7
                                    

[ Zawgyi ]

ဆေးလိပ်ကိုဖွာရင်း ပြတင်းပေါက်မှာရပ်နေမိတာ ၃ရက်တိတိပင်ရှိခဲ့ပြီ။ အရင်လို စကားသိပ်များလွန်းတဲ့ စာရေးဆရာလေးက သူ့ဆီမလာတော့ဘူး။ ဟိုအရင်နေ့က သူပြောလိုက်တဲ့စကားကြောင့်စိတ်ခုသွားခဲ့ခြင်းလား။ ပြန်စဉ်းစားကြည့်တော့ အဲ့နေ့က သူပြောတဲ့စကားတွေက အရင်ကလောက်တောင် မဆိုးဝါးခဲ့ပါဘူး။ အရင်ကတောင် ဘာမှမဖြစ်တဲ့သူက အခု သူ့ကိုများစိတ်ကုန်သွားလေသလား။ သူကရော ဘာကြောင့် ထိုခပ်တုံးတုံးလူကိုမျှော်နေမိတာလဲ။ သူ့ကို စိတ်ကုန်သွားတာကလည်း ကောင်းတဲ့အရာပေပဲမဟုတ်ပါလား။

မွန်းကြပ်လိုက်တာ..အဲ့ဒီလူအကြောင်းတွေးလိုက်တိုင်း ထူးဆန်းလာတဲ့ ခံစားချက်ကြီးတွေ။လှုပ်ခတ်နေတဲ့ ရင်ခုန်သံတွေ။ ဘာလို့ အဲ့လောက်ထိ ပြင်းထန်နေရတာလဲ။

ကုန်းကျွင်း ခေါင်းကိုခါယမ်းပြီး ဆေးလိပ်ကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်။ ထိုကျောင်းဆရာကြောင့် သောက်နေကြဆေးလိပ်တောင် အရသာမရှိတော့ပါလား။

ပြတင်းပေါက်နားကနေစွန့်ခွာလို့ အခန်းထဲက ဖုန်တွေတတ်နေတဲ့ အရာတစ်ခုကို ဆွဲထုတ်မိလိုက်သည်။
တုတ်တိုင်တွေနဲ့ထောက်ထားတဲ့ စက္ကူအဖြူပြားကြီးကိုကြည့်ပြီး ခဲတံကိုကိုင်ကာ ခပ်ကြောင်ကြောင်ငေးကြည့်နေမိတယ်။ထို့နောက် စက္ကူပြားပေါ်က လက်သွယ်သွယ်တွေဟာတစ်ဖြည်းဖြည်းချင်းစတင်လှုပ်ရှားလာခဲ့သည်။ လရောင်အားကိုးနဲ့ ခြယ်သမှုတစ်ခုကိုအပြီးသတ်နိုင်ခဲ့သည်။
လရောင်တွေအတိုင်း သူ့ဘဝထဲဝင်လာခဲ့တဲ့လူတစ်ယောက်။

ယခုသူ့အရှေ့က စာအုပ်လေးကိုင်ပြီးမျက်မှန်လေးပင့်တင့်ကာပြုံးရယ်နေတဲ့ ပုံလေးဟာ ၅နှစ်အတွင်းမှာ ပထမဆုံး ရေးခြယ်ခဲ့တဲ့ ပုံတူပန်းချီလေးတစ်ခုပင်ဖြစ်တော့သည်။
၅နှစ်အတွင်းသူ့ရဲ့ ခြယ်သမှုတွေကိုလှပစေခဲ့တဲ့လူတစ်ယောက်ရှိလာပြီပဲ။

.

"သား .. မနက်ဖြန်လည်း နားလိုက်ဦးနော် ၊ စနေနေ့လည်းရောက်နေပြီကို"

ကုတင်ပေါ်မှာစာအုပ်ထိုင်ဖတ်နေတဲ့ သားဖြစ်သူအား ဆေးနဲ့ ရေခွက်ကမ်းပေးရင်း ပြောလာတဲ့ မိခင်ဖြစ်သူကို ကျန်းကျယ်ဟန်ကရေခွက်ကိုချပြီးပြန်ပြောလိုက်တယ်။

🅄🄽🄽🄰🄼🄴🄳Where stories live. Discover now