[ Zawgyi ]
တစ်လမ်းလုံး သူ့ကိုပွေ့ချီလာတဲ့ ကောင်လေးက လက်အံတွေဘယ်လောက်တောင်သေနေပြီလဲမသိ။ ကျန်းကျယ်ဟန့်က အားနာလာတာကြောင့် ကောင်လေးကို ခေါင်းမော့ကြည့်လို့စကားဆိုတယ်။
"ညောင်းနေရောပေါ့ ..ငါလမ်းလျှောက်မယ်"
"ရတယ်..မညောင်းဘူး"
"ကျွင်းကျွင်း.."
ကျန်းကျယ်ဟန့်က သူဒီတိုင်းပြောနေရင် မရမှန်းရိပ်မိတာကြောင့် ကောင်လေးလက်ပေါ်ကနေအတင်းရုန်းကန်ခုန်ဆင်းဖို့လုပ်တော့သည်။ ကုန်းကျွင်းက ကျန်းကျယ်ဟန့် ပြုတ်ကျသွားမှာစိုးတာကြောင့် မျက်မှောင်ကြုံ့ပြီးချပေးလိုက်တယ်။
"ကျစ် ! ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ"
ဒေါသသံလည်းမဟုတ်၊ ပုံမှန်ထက်လည်းမာကြောနေတဲ့လေသံနဲ့ ကုန်းကျွင်းကပြောတယ်။ သူ့မှာ ဒီလူကို ပြောချင်ပေမယ့်မပြောရက်မဆိုရက်ဖြစ်နေတာ။
"ကျွင်းကျွင်း.."
"တော်တော့ ! အိမ်ပြန်မယ်"
ကုန်းကျွင်းက ကျန်းကျယ်ဟန့်လက်ကိုဆွဲပြီး အရှေ့ကိုဆက်လျှောက်ဖို့ပြင်တော့ ထိုလူက နေရာကမရွှေ့ဘဲ သူ့လက်ကိုပြန်ဆွဲထားတယ်။ လှည့်ကြည့်လိုက်တော့ မျက်ဝန်းစိုစိုတွေနဲ့ကြည့်နေတာကြောင့် ကုန်းကျွင်းနှလုံးသားတွေဟာ ချက်ချင်းပဲပျော့ပြောင်းလို့။ ဒီမျက်ဝန်းတွေနဲ့ပဲ ကျွန်တော့်ကိုအကြိမ်ကြိမ်သတ်နေတာလား ခင်ဗျားရယ်။
" ငါ အိမ်မပြန်ချင်ဘူး "
"မပြန်လို့မရဘူးလေ..ခင်ဗျားအမေက ခင်ဗျားကို သူများအိမ်မှာအိပ်တာမကြိုက်ဘူးမလား"
"မင်းက သူများမှမဟုတ်တာ !"
"ဒါပေမယ့် ခင်ဗျားအမေက မသိဘူးလေ"
"ဟင့်အင်း မသိဘူး ! ငါဒီညမင်းတိုက်ခန်းကိုလိုက်အိပ်မယ်"
ကလေးတစ်ယောက်လို ဂျစ်တိုက်နေတဲ့ ကျန်းကျယ်ဟန့်ကြောင့် ကုန်းကျွင်းမှာအခက်တွေ့တယ်။ သူ ဆူငေါက်ပြောလိုက်ပြန်ရင်လည်းငိုဦးမယ်။ ချော့ပြောရင်လည်း ဒီတဇွတ်ထိုးငတုံးလေးကို နိုင်မှာမဟုတ်ဘူး။