- Final Part -

463 62 38
                                    

[ Zawgyi ]

အချိန်တွေက မြန်မြန်ကုန်ဆုံးနေသလိုခံစားနေရတယ်။ မလွှတ်လိုက်ချင်တဲ့ လက်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး နေ့ရက်တွေကို ဖြတ်သန်းနေတယ်။ အခုဆို ကုန်းကျွင်းက ကျန်းကျယ်ဟန့်အိမ်မှာပဲနေဖြစ်တော့တယ်။ ကျန်းကျယ်ဟန့်ရဲ့ မိဘနှစ်ပါးကလည်း သူတို့သားရဲ့ ဆန္ဒအတိုင်း အလိုမကျတာတွေမရှိဘဲ လက်ခံပေးထားတယ်။ အချိန်တွေအများကြီးမရှိတော့ဘူးမလား။

ကုန်းကျွင်းကလည်း သူ့တဲ့ခပ်ဟောင်းဟောင်းတိုက်ခန်းလေးကိုပစ်ပြီး ကျန်းကျယ်ဟန့်အိမ်မှာပဲနေဖြစ်တယ်။ ကျန်းကျယ်ဟန့်ကို ဂရုစိုက်ပေးတယ်၊ ပျော်အောင်လည်းထားတယ်၊ တစ်ခါတစ်လေ သူ့ကိုကြည့်ပြီး မျက်ရည်တွေဝေ့သီလာတဲ့အခါမျိုးမှာလည်း သူ့မှာ ရင်ခွင်ထဲထည့်ပြီးချော့မြူရပါတယ်။ပြီးရင်တော့ နာကျင်နေတဲ့နှလုံးသားနဲ့အတူ ထိုလူရဲ့မမြင်ကွယ်ရာမှာသူက ကြိတ်ငိုကြွေးတယ်။

အားလုံးနာကျင်နေရတဲ့ အကြောင်းအရာတွေမှာ အပြစ်တင်စရာလူရယ်လို့မရှိခဲ့ဘူး။
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ .. ကံတရားရဲ့သက်ညှာမှုကို သူတို့အရမ်းလိုချင်တယ်။

"ကျွင်းကျွင်း..မင်းမနေ့ကဘယ်သွားတာလဲ"

ရင်ခွင်ထဲက လူက အသံခပ်တိုးတိုးနဲ့မေးလာတယ်။ မနေ့က ညနေပိုင်းလောက်ကမှ ထိုလူအိပ်ပျော်နေတုန်း သူတိုက်ခန်းကို ခဏပြန်ခဲ့တာဖြစ်တယ်။ ဒါကို မြတ်နိုးရသူက မေးမြန်းနေခြင်း။

"ကျွန်တော် တိုက်ခန်းကိုခဏပြန်တာပါ"

ရင်ခွင်ထဲက သက်ပြင်းချသံသဲ့သဲ့လေးကိုကြားရပြန်တယ်။ သက်ပြင်းတွေမချပါနဲ့တော့ ခင်ဗျားရယ်။

"ကျွင်းကျွင်း..ငါတို့ ဒီည မင်းတိုက်ခန်းမှာ အိပ်ရအောင်"

ကုန်းကျွင်းက ရင်ခွင်ထဲကလူကိုငုံ့ကြည့်တယ်။ထိုလူကတော့ သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားဆဲပဲ၊သူ့ကိုလည်းမော့ကြည့်မနေ။

"ခင်ဗျား သဘောအတိုင်းပါပဲ"

"အင်း"

ကျန်းကျယ်ဟန့်ကဖြေပြီးတာနဲ့ ကောင်လေးရင်ခွင်ထဲကိုပိုလို့တိုးဝင်ပြီး ကောင်လေးခါးကိုတင်းနေအောင်ဖက်ထားလိုက်တယ်။ ကုန်းကျွင်းကလည်း ကျန်းကျယ်ဟန့်ကို ခန္တာကိုယ်တစ်ခုလုံး သူ့ရင်ခွင်ထဲမြှုပ်တဲ့ထိ သိမ်းကြုံးဖက်ထားတယ်။နှစ်ယောက်သားလုံးက တူတူဖြတ်သန်းနေရပေမယ့် သူတို့နှစ်ယောက်လုံးပူပန်စိတ်တွေနဲ့ပြည့်နေခဲ့တယ်။

🅄🄽🄽🄰🄼🄴🄳Where stories live. Discover now