[ Zawgyi ]
( Warning : adult sence ⚠⚠ )
အပြင်ဘက်မှာ တစ်ဖြည်းဖြည်းနဲ့မိုးတွေစဲသွားတယ်။ မြင်ကွင်းထဲက မိုးရေစက်တွေဟာကြည့်နေရင်းနှင့်ပင် လျော့ပါးပျောက်ကွယ်သွားတယ်။ မားသားလီဟာ ပြတင်းပေါက်ဘောင်ကိုမှီပြီး တစ်စုံတစ်ရာကိုတွေးတောနေခဲ့တယ်။
ခန္တာကိုယ်တစ်ခုလုံး အားအင်တွေမရှိတော့သလိုခံစားနေရတယ်။နိုးနိုးလာချင်း တွေးမိတာက သူရော ဘာဖြစ်သွားသေးလဲ။
တစ်လှုပ်လှုပ်နဲ့ ကုန်းရုန်းထလာတဲ့သူကို မြင်တော့ မားသားလီက အနားကိုအပြေးရောက်လာတယ်။
"ဖြည်းဖြည်းထ ကျွင်းလေး"
"မားသားလီ..သူရော"
သူ့အမေးစကားကို မားသားလီက သဘောပေါက်သည့်အလား ခေါင်းတစ်ချက်ငြိမ့်လို့ ရေခွက်ကိုကမ်းပေးတယ်။
"ရေဆာနေတယ်မလား အရင်သောက်လိုက်"
ပြန်မဖြေပါဘဲ ရေခွက်ကိုယူပြီးသောက်လိုက်တယ်။တကယ်လည်း သူရေအရမ်းဆာနေတာ။ သူသောက်ပြီးတာနဲ့ မားသားလီက ရေခွက်ကိုပြန်ယူကာ စားပွဲပေါ်တင်ပြီး သူ့ဘက်ကိုကြည့်ပြီး ခပ်အေးအေးအသံနဲ့စကားတစ်ခွန်းကိုဆိုတယ်။
"သူ ပြန်သွားပြီ ကျွင်းလေး"
"သြော်..ပြန်သွားပြီကို"
ထိုစကားလေးပဲ။ မားသားလီရဲ့မျက်လုံးထဲမှာ ကျွင်းလေးဟာ လူကြီးလေးတစ်ယောက်နှင့်ပင်တူနေသည်။အရာရာကို စဉ်းစားတွေးခေါ်တတ်တဲ့ လူကြီးလေးလိုမျိုး။
"သူဘာမှမဖြစ်ဘူး မလား"
"ဘာမှမဖြစ်ပါဘူး..ဒါပေမယ့် မင်းက သူ့ကြောင့် ဖြစ်တာပါဆိုပြီး ငိုယိုနေလို့ သူ့မိဘတွေက အတင်းခေါ်သွားရတယ်"
မားသားလီရဲ့စကားအဆုံးမှာ ကလေးဟာ ငြိမ်သက်သွားပြီးတစ်စုံတစ်ရာကို စဉ်းစားနေဟန်တူ၏။မားသားလီဆက်ပြောဖို့ပြင်လိုက်စဉ်မှာပဲ ကလေးဆီကစကားသံထပ်ထွက်လာတယ်။
"မားသားလီ..သားဗိုက်ဆာတယ်"
၈နှစ်အရွယ်ကလေးလေးဟာ ဘာကိုမှ အစွဲအလမ်းမရှိပုံပဲ။ သူဗိုက်ဆာနေတဲ့အကြောင်းကိုသာပြောဆိုလာတာမို့ မားသားလီကတစ်ချက်ပြုံးပြီး ကလေးရဲ့လက်ကိုဆွဲကာ ခေါ်သွားတော့သည်။