Part - 14

256 55 4
                                    

[ Zawgyi ]

ဖြစ်သလိုစည်းထားတဲ့ လက်က ပတ်တီးကိုကြည့်ပြီး သေသပ်စွာစည်းပေးခဲ့ဖူးတဲ့ လက်တစ်စုံကို ကုန်းကျွင်းကသတိရတယ်။ ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ သူဟာ ထိုလူကို ချစ်မှန်းမသိ ချစ်နေခဲ့မိတာ။ အနားမှာရှိမနေစေချင်ခဲ့တာ ထိုလူ အတွက်ပါ။ သူ့ခံစားချက်တွေကိုရောဘယ်သူကနားလည်ပေးနိုင်ပါ့မလဲ။

သူ့လို လူတစ်ယောက်ကသာ အဲ့ဒီလူအနားမှာရှိနေရင် သူ့ရဲ့မကောင်းတဲ့စိတ်တွေဟာ ပိုလို့ များလာလိမ့်မယ်။ ပြီးတော့..သူ့ကြောင့်နဲ့ အဲ့ဒီလူထိခိုက်မှာကိုမလိုလားဘူး။

အကြိမ်ကြိမ်အခါခါမောင်းထုတ်နေလည်း ပေကပ်ပြီးအနားကမခွာတဲ့လူက ထွက်သွားပေးမယ်ဆိုတဲ့စကားကိုလည်းတည်ပြန်တယ်။ သူ့အရှေ့ကိုလုံးဝရောက်မလာခဲ့ဘူး။ သူမြင်နိုင်တဲ့မြင်ကွင်းထဲကိုပေါ့။

"နင့်လက်ကဘာဖြစ်တာလဲ"

ထိုလူနဲ့ပထမဆုံးတွေ့ဆုံခဲ့တဲ့ နေရာ၊ လေတဖြူးဖြူးတိုက်ခတ်နေတဲ့ တံတားမှာ ရပ်နေတဲ့သူ့အား ဘေးနားက ရှောင်ချင်းက ထိုသို့မေးလာခဲ့တယ်။ သူတွဲခဲ့ဖူးတဲ့ မိန်းကလေးတွေထဲ ရှောင်ချင်းနဲ့က အကြာဆုံးဖြစ်တယ်။ ပြတ်ကာစက ဒေါသထွက်ပြီးပေါက်ကွဲခဲ့တဲ့သူမ က သိပ်မကြာခင်မှာပဲ ကုန်းကျွင်းအနားကိုပြန်ရောက်လာတယ်။ သူမအပြောအဆိုတွေတွက်တောင်းပန်ပြီး သူငယ်ချင်းအဖြစ်လက်ခံပေးဖို့ပြောတယ်။ ကုန်းကျွင်းက လက်မခံပေမယ့်မငြင်းခဲ့တော့ သူမ က ကုန်းကျွင်းအနားမှာရှိနေခဲ့တာပေါ့။

"ဘာမှမဖြစ်ဘူး"

အတော်ကြာမှ စိတ်မပါတပါပြန်ဖြေလာတဲ့ ကုန်းကျွင်းကြောင့် ရှောင်ချင်းက သက်ပြင်းချတယ်။

"ရန်ဖြစ်တာတော့မဟုတ်ဘူးမလား"

"မဟုတ်ဘူး"

"ကိုယ့်ဘာသာလုပ်ထားတာလား"

"......"

တိတ်ဆိတ်ခြင်းဟာဝန်ခံခြင်းမြောက်တာမို့ သူမ ဟာချက်ချင်းပဲနားလည်သွားတယ်။

"တကယ်ပဲကို..၊ ဘာလို့လဲ ? စိတ်ညစ်စရာရှိလို့လား"

"....."

🅄🄽🄽🄰🄼🄴🄳Where stories live. Discover now