[ Zawgyi ]
ဂေဟာအဝနားက လူတစ်ယောက်နဲ့ အချိန်ခဏတာ ရပ်ကြည့်နေကြရင်းကနေ ပြေးထွက်သွားတဲ့ ကျန်းကျယ်ဟန့်ကြောင့် ယန်းယန့်စိတ်ထဲထင့်ကနဲဖြစ်သွားတယ်။ ကျန်းကျယ်ဟန့်ရဲ့ကျောပြင်ကိုငေးကြည့်နေတဲ့ ကောင်လေးအားတစ်ချက်မျှကြည့်ရင်း သူကိုယ်တိုင်လည်း ကျန်းကျယ်ဟန့်အနောက်ကိုလိုက်သွားလိုက်တော့သည်။
ကားပေါ်ပြေးတတ်ပြီး ငိုယိုနေသူကိုမြင်တော့ ယန်းယန့်ရဲ့စိုးရိမ်စိတ်တွေဟာမြင့်တတ်လာတယ်။
"ဟန့်..ဘာဖြစ်လို့လဲ"
"....."
"ဟန့်..ဘာဖြစ်လို့လဲလို့ ကိုယ့်ကိုပြောပါဦး"
ကျန်းကျယ်ဟန့်က ငိုနေတာကိုဖြည်းဖြည်းချင်းရပ်ပြီး စကားဆိုတယ်။
"ဘာမှမဖြစ်ဘူး၊ ကျွန်တော်အိမ်ပြန်ချင်ပြီ..အိမ်ကိုမောင်းပေးပါ"
ယန်းယန့်လည်း ဘာစကားမှမဆိုတော့ဘဲ ကျန်းကျယ်ဟန့်အိမ်ကိုသာဦးတည်ပြီးမောင်းနှင်လိုက်တော့သည်။ အတွေးယျာဉ်ကျောထဲနစ်မြောနေခြင်းက ဂေဟာဝမှာတစ်ချက်မျှတွေ့ခဲ့တဲ့ ခေါင်းစွပ်အနက်ရောင်စောင်းထားတဲ့ ကောင်လေးရဲ့ ခပ်စူးစူးအကြည့်တွေကြောင့်။
ကားရပ်လိုက်တာနဲ့ ကျန်းကျယ်ဟန့်က ကားပေါ်ကနေဆင်းပြီးအိမ်ထဲကိုပြေးဝင်သွားတယ် ။ ယန်းယန့်လည်း စိတ်ထဲတစ်မျိုးဖြစ်နေတာကြောင့် လိုက်မသွားတော့ဘဲ ကားကိုသာမောင်းထွက်ခဲ့တော့တယ်။ အများကြီးလည်းခံစားမနေပါနဲ့ ဟန့်ရယ် ။
"ဟဲ့သား..ဘာဖြစ်လာ.."
ကျန်းမားရဲ့စကားမဆုံးခင်မှာပဲ ကျန်းကျယ်ဟန့်က အပေါ်ထပ်ကိုပြေးတတ်သွားတယ်။ သက်ပြင်းတချချနဲ့မိခင်ဖြစ်သူခမျာဘာမှမတတ်နိုင်ခဲ့ပြန်ဘူး။
ကုတင်ပေါ်ကို ဝုန်းကနဲထိုင်ချပြီး လက်တစ်ဖက်က ပါးစပ်လေးကိုအုပ်၊ နောက်တစ်ဖက်က ရင်ဘတ်လေးကိုဖိကိုင်ပြီး ကျန်းကျယ်ဟန့်က တိတ်တဆိတ်ငိုကြွေးတယ်။
ဒီတိုင်းသာ မြင်တွေ့နေမယ်ဆိုရင် သူက အဲ့ဒီကောင်လေးကိုဘယ်လိုလက်လွှတ်နိုင်တော့မှာလဲ။ ကောင်လေးမျက်နှာက အရင်ကထက်ချောင်ကျသွားတယ်။ ဆေးလိပ်တွေအရမ်းသောက်နေပြန်ပြီထင်ရဲ့ ။ ကျန်းကျယ်ဟန့်က ရူးမိုက်လိုက်တာ၊ သူကိုယ်တိုင်အဆင်မပြေတဲ့ကာလမှာတောင် အဲ့ဒီလူဆိုးကောင်လေးအတွက် စိတ်ပူနေသေးတယ်။