စောစောစီးစီးပြင်ဆင်ပြီးအောက်ထပ်သို့ ခြူးဆင်းလာသည်။
"သမီးဆင်းလာပြီ စောသားပဲ ဒေါ်လေး
မနက်စာပြင်ထားတယ်"
" ခြူး သွားစရာရှိလို့ မစားတော့ဘူး"
ဦးမောင်နဲ့ ဒေါ်ခင်က တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လျက် အံ့သြနေကြတယ်။ အိမ်နဲ့ကျောင်း
ကျောင်းနဲ့အိမ် ပဲ ရှိတဲ့ ခြူးက ထူးထူးခြားခြား သွားစရာ
ရှိနေလေတော့။
"သမီးဘယ်သွားမလဲ"
"မနေ့က Cafe & Bakery ဆိုင် ကို ပို့ပေး ဦးမောင်"
မနေ့ကတောင် မကုန်လို့ ဦးမောင်ယူလိုက်ရတာ ဒီနေ့
ထပ်သွားမယ်ဆိုတော့ ဦးမောင် အံ့သြနေသည် သို့သော်
ဘာမေးခွန်းမှ ထုတ်မနေပဲ ကားကို မောင်းထွက်လိုက်သည်။
ဆိုင်ကို ရောက်တော့ ခြူး တစ်ယောက် တစ်စုံ
တစ်ယောက်ကို လိုက်ရှာနေဟန်တူသည်။ ဝန်ထမ်းမှ
"ဘာများ သုံးဆောင် ပါမလဲခင်မျာ"
"ကော်ဖီတစ်ခွက်"
ပါးစပ်ကသာပြောနေပေမယ့် မျက်လုံးကတော့
ဟိုကြည့်ဒီကြည့်ရှာနေဆဲ ကော်ဖီသောက်ဖို့ ဤဆိုင်ကို
လာတာမှမဟုတ်ပဲ မနေ့က အမျိုးသမီးလေးကို
မတွေ့တော့ စိတ်ပျက်သွားဟန်နဲ့ ဝန်ထမ်းကို
မေးချင်ပေမယ့်လည်း မမေးရဲ စိတ်ပျက်ပျက်နဲ့
ကော်ဖီကို သောက်ပြီး ကျောင်းသို့ သွားခဲ့သည်။
ကျောင်းသွားတဲ့ လမ်းမှာလည်း အတွေးများစွာနဲ့
သူ့ကိုယ်သူ့ သေချာမသိပေမယ့်လည်း ဟိုနေ့က
အမျိုးသမီးလေးကိုတော့ ဘာကြောင့်မှန်းမသိ
တွေ့ချင်နေတာအမှန်ဆိုတာတော့ သိခဲ့သည်။
" ဦးမောင် နောက်ဆို နေ့တိုင်း မနက်စာနဲ့
နေ့လည်အဆာပြေကို ခုနက ကိတ်ဆိုင်မှာပဲ စားမယ်"
ကျောင်းနဲ့အိမ်ပဲ သွားနေတဲ့ ခြူး တစ်ယောက်
ကိတ်မုန့်ဆိုင်ကို ဘာကြောင့် သွားချင်နေလဲ ဦးမောင်
မသိပေမယ့် ခြူး သဘောတိုင်း နေ့တိုင်း လိုက်ပို့ပေးခဲ့သည်။
ခြူးတစ်ယောက် ကျောင်းမှာလည်း ကိတ်ဆိုင်က
အမျိုးသမီးလေး အကြောင်းကိုပဲ တွေးနေမိတော့
ဆရာမရှင်းပြနေသည့် စာများပင် လွတ်သွားသည်။
နေ့လည် ကျောင်းက ပြန်တော့လည်း ကိတ်ဆိုင်ကို
ဝင်ခဲ့ပေမယ့် တွေ့ချင်နေသူကိုတော့ ရှာမတွေ့ခဲ့ပြန်ပါဘူး။
၅ရက်ဆက်တိုက် ဆိုင်ကို လာခဲ့ပေမယ့် မတွေ့တော့
ခြူးတစ်ယောက် သိချင်စိတ်ကို ထိန်းမနိုင်ဖြစ်ခဲ့ရပါပြီ။
ရှက်စိတ် ကြောက်စိတ်တွေလည်း ဘယ်ရောက်မှန်းမသိပဲ
ဆိုင်ဝန်ထမ်းကောင်လေးကို မေးလိုက်တော့သည်။
"ပထမဆုံးနေ့က ခြူးကို service ပေးတဲ့ အမကို
ထပ်မတွေ့ဘူးနော် အလုပ်နားသွားတာလား"
ဝန်ထမ်းကောင်လေးလည်း ခဏလောက် စဉ်းစားပြီးမှ
"သြော် မမအိမ့်လား မမအိမ့်က Sat & Sun ပဲ ဆိုင်ကို
လာတာခဗျ"
ကျန်တာတွေ ဆက်မေးမလို့ လုပ်နေတုန်းမှာပဲ ကံဆိုးစွာ
တစ်ဖက်ဝိုင်းက ဝန်ထမ်းကောင်လေးကို လှမ်းခေါ်
နေတာကြောင့် ဘာမှဆက်မမေးလိုက်ရပေ။
ကံကောင်းစွာနဲ့ သူမ လာတတ်တဲ့ ရက်နဲ့ နာမည် ကိုတော့
ခြူးတစ်ယောက် သိခွင့်ရခဲ့ပြီ ။ ထပ်ကံကောင်းစွာနဲ့
မနက်ဖြန်က စနေနေ့ပဲလေ သူမကို တွေ့ရတော့မှာပဲလို့
" ခြူး"တစ်ယောက်တည်း တွေးပြီး ကြိတ်ပြုံးနေလေသည်။
💜
Part 4
Coming Soon
#Kira
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...