စကားဝိုင်းလေးကတော့ ကြည်နူးဖွယ်ရာအတိနဲ့ပေါ့
စကားနည်းတဲ့ ခြူး ကတော့ ဘာမှသိပ်မပြော အိမ့်ကတော့
သူ့အကြောင်းတွေ ပြောပြရင်း ခြူး အကြောင်းကိုလည်း
မေးနေလေသည်။
ခြူးရဲ့ ကျောင်းသားကတ်လေးကို ကြည့်ပြီး ဆယ်တန်းမှန်း
သိသွားတော့ အိမ့်က
" ၁၀တန်းဆိုတော့ စာတွေများမှာပဲ စာလိုက်နိုင်လား"
" ဟုတ် လိုက်နိုင်ပါတယ်"
" "မ"က သင်တန်းလည်း ဖွင့်ထားတယ်လေ ဒီမလာတဲ့ရက်
တွေက သင်တန်းမှာပဲ အချိန်ကုန်နေတာ"
" အော် ဘာသင်တန်းလဲ "
" စီးပွားရေးနဲ့ ပက်သတ်တာတွေ Japan စကားပြော
English စကားပြောတွေ သင်တယ်။ ခြူး စိတ်ဝင်စား
တယ်ဆိုရင် ဆယ်တန်းပြီးရင် မ သင်ပေးမယ်လေ "
" အလကားလား "
" ဟား ဟား မ က ခြူးကို ဟာသတွေ မပြောတတ်ဘူး
ထင်တာ ခြူးလည်း ပြောတတ်သားပဲ အင်း အလကားပေါ့"
"ဒုတိယအကြိမ် တွေ့ဆုံခြင်း ဆိုပေမယ့်လည်း အရမ်းရင်းနှီး
သလို ခံစားချက်ရတယ် ပျော်လည်းပျော်တယ်"
နွေးထွေးတဲ့ အကြည့်နဲ့အတူ အိမ့်က " မလည်း ပျော်တယ်"
အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ် အရိုင်းတွေကို လည်း
ယဉ်သွားစေတယ်။ ဘယ်လောက် အေးစက်တဲ့ ခြူး
ဆိုပေမယ့်လည်း အချစ်ဆိုတဲ့ အရာကို စတင်ခံစားမိတဲ့အခါ
ခြူးလည်း ပြောင်းလဲသွားတာပဲ။ အိမ်နဲ့ ဆိုရင်တော့ ခြူးက
စကားတွေ နွေးနွေးထွေးထွေး ပြောတတ်နေတယ်။
" ခြူး ပြန်တော့မယ် "
" ဟုတ်ပါပြီ ရှင် နောက်နေ့ရော လာဦးမှာလား "
" .....အင်း မ "
ဆယ်တန်းကျောင်းသူ ခြူး တစ်ယောက် စာမလုပ်ဖြစ်ပဲ
အိမ့်ဆီပဲ အာရုံတွေ ရောက်နေတယ်။ နေ့တိုင်း ကိတ်ဆိုင်
သွားမယ်ဆိုတဲ့ စကားကို ဦးမောင်က သတိတရ ရှိတော့
ခြူး ပြောစရာမလိုပဲ ကိတ်ဆိုင်ကို အရင်ဝင်ပို့ပေးသည်။
"ချွင် ချွင်" တံခါးဖွင့်ပြီး ဆိုင်ထဲအဝင်မှာပဲ ခြူး အံ့သြသွား
သည်။" ဟင် မ .. ဒီနေ့ Monday လေသင်တန်းရှိတယ်မလား"
" အင်း သင်တန်းက ၁၀နာရီ မှ မို့လိုလေ "
ဘယ်လိုဖြစ်ဖြစ် အိမ့်ကို တွေ့လိုက်ရတော့ ခြူး အားရှိသွား
သည်။ အမှန်တကယ်တော့ အိမ့်ရဲ့ သင်တန်းက ၉နာရီတွင်
စနေကျ ဖြစ်သော်လည်း ခြူးနဲ့ တွေ့ရန် အတွက်
သင်တန်းချိန် ရွှေ့လိုက်ခြင်း ဖြစ်သည်။ ဘာခံစားချက်မှ
မရှိတဲ့ ကောင်မလေးအတွက် သူ့သင်တန်းချိန်တွေ ရွှေ့ပါ့
မလား။ အချစ်ရဲ့ အစက ကိုယ်တိုင်တောင် မသိလိုက်တဲ့
ဂရုစိုက်ခြင်းတွေက စတာမလား။ ခြူးကို ချစ်မိနေပြီ ဆိုတာ
အိမ့်က သူတိုင်ရော သိပါ့မလား။ ခြူး စားရန် သီးသန့်
လုပ်ထားတဲ့ ကိတ်နဲ့ ကော်ဖီခါးခါးလေးတစ်ခွက်ကို
ချပေးလိုက်သည်။အလုပ်မသွားခင် ကျောင်းမသွားခင်
တွေ့ပြီး မနက်စာ တူတူစားလိုက်ရတာဟာ သူတို့
နှစ်ယောက်အတွက် အားအင်လေးတစ်ခုပေါ့။
"ချောင်းဆိုးတယ်ဆိုလို့ ဒါက ခြူးအတွက် မ အဆိမ့်လေး
လုပ်ပေးထားတာစား"
"ဟုတ်"
" ကျောင်းအပြန်ဝင်ဦးမှာလား အဲ့ချိန်တော့ မက စာသင်
နေမှာဆိုတော့ မရှိလောက်ဘူး"
" မဝင်တော့ပါဘူး ခြူးလည်း စာတွေကျက်ရဦးမှာ "
" အင်း ဒါဆိုလည်း see u နော် ခြူး ကျောင်း သေချာသွား
bye bye "
" bye bye မ "
ဒီလိုနဲ့ သူတို့ ၂ယောက် ရင်ထဲက သံယောဇဉ်တွေက
ပိုခိုင်မြဲ လာတယ်။ ဘယ်လို ဆက်ဆံရေးလဲ ဆိုတာတော့
ခေါင်းစဉ်တပ်၍ မရသေး။ မနက်တိုင်း အိမ့်က ခြူးအတွက်
ကိတ်လေးနဲ့ ကော်ဖီခါး တစ်ခွက်ကို မပျက်မကွက် လုပ်ပေး
ခဲ့တယ် ခြူးကလည်း ကိတ်ဆိုင်လေးက သူ့ရဲ့ ဒုတိယ
အိမ်လေးလို တန်ဖိုးထားပြီး အမြဲလာတယ်။💜
Part 7
Coming Soon
#Kira
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...